အရိုးပြုတ်ရည်က ကျန်းမာရေးအတွက်အကောင်းဆုံးပါပဲ။ အဲဒါကြောင့် ကျန်းမာရေးကောင်းချင်ရင် အရိုးပြုတ်ရည်ကိုသောက်ပေးပါ။ အရိုးပြုတ်ရည်ကိုသောက်ခြင်းဖြင့် အူနဲ့ ပတ်သက်တဲ့ရောဂါတွေ၊ အစာမကြေတာတွေ ၊ allergies ဖြစ်တတ်တာတွေ၊ အဆစ်အမြစ်နာတာတွေကို ပျောက်စေတဲ့အပြင် ကိုယ်ခံအားလည်းကောင်းပါတယ်။
ကြက်ရိုးပြုတ်ရည်မှ မဟုတ်ပါဘူး အမဲရိုးပြုတ်ရည်၊ ဝက်ရိုးပြုတ်ရည်၊ ဆိတ်ရိုးပြုတ်ရည် အစရှိတဲ့အရိုးပြုတ်ရည်တွေကိုလည်း သောက်လို့ ရပါတယ်။ အသက်ကြီးတဲ့သူတွေရော၊ အမျိုးသမီးတွေပါ အရိုးပြုတ်ရည် ပိုသောက်သင့်ပါတယ်။ အရိုးမှာပါဝင်တဲ့ ရိုးတွင်းခြင်ဆီကြောင့် အမျိုးသမီးတွေ အရိုးပွခြင်းကို ကာကွယ်ပေးပါတယ်။ အရိုးပြုတ်ရည်က ကျန်းမာရေးကို ကောင်းစေတဲ့အပြင် အသားရေလှစေတဲ့ (collagen) ဓာတ်လည်း ပါဝင်ပါတယ်။
Nebraska တက္ကသိုလ်ရဲ့ ကျန်းမာရေးစင်တာက ကျောင်းသားတွေရဲ့လေ့လာချက်အရ ကြက်ပြုတ်ရည်က တုပ်ကွေးရောဂါကို ကာကွယ်နိုင်ပါတယ်။ ကြက်ပြုတ်ရည်ကို သောက်ရင် အစာချေဖျက်မူအားကို ကောင်းစေတဲ့အပြင် ကိုယ်ခံအားလည်း ပိုရှိလာစေပါတယ်။
ကြက်ပြုတ်ရည်အပြင် အရိုးပြုတ်ရည်တွေကို နေ့တိုင်းသောက်ပေးနိုင်ရင် ဒီရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။


