ရန်ကုန်ပြည်သူ့ဆေးရုံ ကြီး ဓာတ်ရောင်ခြည်ဆေးကုဌာန ပြင်ပလူနာ ရက်ချိန်းအတွက် ဘွတ်ကင်ရယူနိုင်သည့် ဖုန်းနံ ပါတ်များကို အသိပေးကြေညာ ထားသည်။
ထို့ပြင် ကြိုတင်ရက်ချိန်းယူ ရာတွင် ယခင်က ဖုန်းနံပါတ်တစ် လုံးဖြင့်သာ ဆောင်ရွက်ခဲ့သော် လည်း ရက်ချိန်းယူသည့်လူနာ များပြားလာခြင်းကြောင့် ပိုမိုအ ဆင်ပြေစေရန် ဖုန်းနံပါတ်နှစ်လုံးထပ်မံတိုးထားကြောင်း အသိပေး ကြေညာထားသည်။
ကြိုတင် ရက်ချိန်းယူနိုင် သည့် ဖုန်းများမှာ ၀၉ ၆၉၉၉၂၄ ၃၁၃၊ ၀၉ ၆၆၄၉၂၇၈၇၇၊ ၀၉ ၆၇၂၃၁၆၃၉၉ တို့ဖြစ်ပြီး ယင်း ဖုန်းနံပါတ်များသို့ နေ့လယ် ၁ နာရီခွဲမှ ၃ နာရီခွဲအတွင်း ဆက် သွယ်၍ ရက်ချိန်းရယူနိုင်သည်။
လူနာသစ်များအတွက် ဖုန်း ဖြင့် ဘွတ်ကင်ရယူရန်မလိုအပ် ဘဲ လူနာဟောင်းအားလုံး (အ ရေးပေါ်လူနာမှအပ) ဘွတ်ကင် ယူရမည်ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။
ဆက်သွယ် ဘွတ်ကင်ရယူ နိုင်သည့်အချိန်မှအပ ကျန်အချိန် များတွင် ဖုန်းပိတ်ထားမည်ဖြစ် ကြောင်း ဓာတ်ရောင်ခြည်ဆေး ကုဌာနက အသိပေးကြေညာထား သည်။
ယင်းဖုန်းများသည် ဘွတ် ကင်သာလက်ခံပေးမည်ဖြစ်ကာ ကုသမှုနှင့်ပတ်သက်၍ တိုင်ပင် ဆွေးနွေးမှု ပြုလုပ်ပေးမည်မဟုတ် ကြောင်း အသိပေးထားသည်။


