ဒီစာကိုဖတ်မယ်ဆိုရင်တော့ စာဖတ်သူတို့ ကပ်စေးမနည်းဖို့ လိုပါတယ်။ တစ်ချို့အိမ်ရှင်မတွေက ဒီနေ့မှာ ချက်ပြုတ်တဲ့ အစားအစာ မကုန်ဘူးဆိုရင် နောက်နေ့မှာ ပြန်ပြန်စားတတ်ကြပါတယ်။
နွေးပြီးပြန်စားတာဟာ ကျန်းမာရေး ထိခိုက်ရတဲ့ အဓိကအကြောင်းအရင်းတစ်ခုဖြစ်တယ်ဆိုတာကို သိပါသလား။ အဓိက ပြန်မစားသင့်တဲ့ အစားအစာ ၃ မျိုးကတော့။
၁။ ဝမ်းလျှောစေနိုင်တဲ့ ထမင်းအကြွင်းအကျန်များ
အိမ်မှာ ဒီနေ့ချက်တဲ့ ထမင်း မကုန်ရင် ရေခဲသေတ္တာ ထဲထည့်ပြီး နောက်နေ့မှာ ပြန်ကြော်စားတာ ဒါမှမဟုတ် ပြန်ပေါင်းစားတာမျိုး လုပ်တတ်ပါတယ်။
မချက်ရသေးတဲ့ ဆန်မှာ ဘက်တီးရီးယား တွေပါဝင်နေပြီးတော့ ထမင်းအကြွင်းအကျန်တွေကိုလည်း ပုံမှန် အပူချိန်အတိုင်း မထားဘူးဆိုရင် ဒီ ဘက်တီးရီးယား တွေက ပေါက်ဖွားလာပါတယ်။
ဒါဆို အပူပြန်ပေးလိုက်ရင် အဟာရဓါတ်တွေ ပြန်ရမယ်လို့ ထင်ရင် လုံးဝမှားသွားပါလိမ့်မယ်။ အဲဒီ ဘက်တီရီးယား တွေက ပူနေတဲ့အပူချိန်မှာတောင် အသက်ရှင်နိုင်ပါတယ်။ အကောင်းဆုံးကတော့ ထမင်းကိ ပူတုန်းမှာစားပါ။ ပြီးတော့ ရေခဲသေတ္တာ ထဲထည့်ထားမဲ့အစား အပြင်မှာပဲ ဒီအတိုင်းထားပါ။
၂။ ခေါင်းကိုက် တာ မှိုရောဂါတွေကို ဖြစ်ပေါ်စေနိုင်တဲ့ ဟင်းရွက် အကြွင်းအကျန်များ
ဟင်းရွက်တွေကို ပြန်နွေးပြီးစားရင် အဟာရ ဖြစ်တယ်လို့ တွေးထင်ကြပါတယ်။ ဒါဟာ တကယ်တော့ အဆိပ်အတောက်ဖြစ်စေတာပါ။ အစားအစာ ဘေးကင်းလုံခြုံရေးစင်တာဟာ ဟင်းရွက် အကြွင်းအကျန်တွေကို ရေခဲသေတ္တာထဲထည့်ထားတာကပိုပြီးကောင်းပါတယ်။ ဒါပေမဲ့ နောက်ထပ် ၁၂ နာရီလောက်ထားမယ်လို့ မဆိုလိုပါဘူး။
နံနံပင် မုန်ညှင်း စတဲ့ အစိမ်းရောင် အသီးအရွက် တွေကို အပူချိန်ရှိတဲံ အခန်းထဲမှာထားတာဟာ ဘက်တီးရီးယားတွေကို ပိုမိုဖြစ်ပေါ်စေပါတယ်။ ကလေးတွေအတွက်ဆိုရင်ပိုပြီးမသင့်တော်ပါဘူး။ အကောင်းဆုံးကတော့ ပြန်မစားတာအကောင်းဆုံးပါပဲ။


