ကရဝေးရွက်ကို အနံ့အရသာနဲ့အမွှေးအကြိုင်အတွက် ကောင်းမွန်အောင် ဟင်းထဲမှာ၊ စွပ်ပြုတ်ရည်တွေထဲမှာ ထည့်တတ်ကြပါတယ်။ သစ်ကြံပိုးခေါက်အနံ့နဲ့ဆင်သလိုရှိပေမယ့် အနံ့ကတော့ သစ်ကြံပိုးခေါက်လောက် မပြင်းပါဘူး။ ကရဝေးရွက်မှာ ကျန်းမာရေးအရ ကောင်းကျိုးတွေအများကြီးရှိပါတယ်။
(၁) အစာခြေလွယ်စေခြင်း ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားစေနိုင်ပြီး ဂတ်စ်တွေထွက်ခြင်း၊ အစာအိမ်နာခြင်း၊ အူမကြီးလုပ်ဆောင်ချက်ကို လွယ်ကူအဆင်ပြေစေခြင်းတို့ကြောင့် အစာခြေလွယ်ဖို့ကူညီပါတယ်။
(၂) အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာများကိုကူညီနိုင်ခြင်း အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေကို သက်သာစေနိုင်ပါတယ်။ အရွက်တွေကို ကြိတ်ချေပြီး ရင်ဘတ်ပေါ်အုံပေးခြင်း၊ အနံ့ရှုပေးခြင်းအားဖြင့် အနံ့ကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေဖြေရှင်းနိုင်ပါတယ်။ အသက်ရှုလမ်းကြောင်းဆိုင်ရာပိုးမွှားတွေကိုသေစေနိုင်ပါတယ်။
(၃) ဗောက်ပျောက်စေခြင်း
ခေါင်းလျှော်ပြီးနောက် ကရဝေးရွက်ပြုတ်ရေနွေးနွေးလေးဖြင့် ရေဆေးချခြင်းအားဖြင့် ဗောက်ပြဿနာကိုဖြေရှင်းနိုင်ပါတယ်။
(၅) နှလုံးကျန်းမာစေခြင်း Phytonutrient ဓာတ်တွေကြောင့်ပဲ နှလုံးရောဂါနဲ့ နောက်ဆက်တွဲပြဿနာတွေကို ကူညီပြီးသားဖြစ်စေပါတယ်။
(၆) ကင်ဆာဖြစ်ပွားမှုလျော့ကျစေခြင်း Phytonutrients ဖြစ်တဲ့ catechins, linalool နဲ့ parthenolide ဓာတ်တွေက ကင်ဆာဖြစ်ပွားမှုလျှော့ကျစေနိုင်ပါတယ်။
(၇) စိတ်ဖိစီးမှုကိုပြေလျော့စေခြင်း Linalool ဓာတ်က ခန္ဓာကိုယ်ထဲက စိတ်ဖိစီးမှုဖြစ်စေတဲ့ဟော်မုန်းတွေကို လျှော့နည်းစေပါတယ်။ အဲဒီ့အတွက် ရေရှည်မှာ စိတ်ဖိစီးမှုကြောင့် စိတ်ကျခြင်းကဲ့သို့ရောဂါတွေဖြစ်လာနိုင်ချေကိုပါ နည်းပါးသွားစေပါတယ်။
(၈) ဆီးချိုသွေးချိုရောဂါထိန်းချုပ်နိုင်စေခြင်း သွေးထဲကသကြားဓာတ်ကို ထိန်းချုပ်နိုင်ပြီး အင်ဆူလင်ထုတ်လုပ်မှုနဲ့ ပတ်သက်နေတဲ့ဓာတ်တွေပါဝင်တာကြောင့် သွေးချိုဆီးချိုသမားများအတွက် အဆင်ပြေစေပါတယ်။
သတိထားဖို့ကတော့ ကရဝေးရွက်အခြောက်က အစာအိမ်အထက်ပိုင်းသွေးယိုစီးမှုကဲ့သို့ဖြစ်စေနိုင်ပါတယ်။ ဓာတ်မတည့်မှုဖြစ်နိုင်ပါတယ်။ အရွက်နဲ့အဆီက ပန်းနာရင်ကြပ်သမားဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်များ သတိထားသင့်ပါတယ်။ ခွဲစိတ်ခန်းဝင်ရမယ့်သူများ ခွဲခန်းမဝင်ခင် အစောပိုင်းရက်များကတည်းက ကရဝေးရွက်စားသုံးခြင်းရှောင်ကျဉ်သင့်ပါတယ်။


