ခြေ ဖ ဝါး ဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အစိတ်အပိုင်းတွေနဲ့ ဆက်သွယ်ထားတဲ့ အာရုံကြောတွေ စုဆုံရာ အရပ်ဖြစ်ပါတယ်။ ခြေဖဝါးမှာရှိတဲ့ အကြောတွေကို ကောင်းမွန်အောင် လှုံ့ဆော်ပေးခြင်းဖြင့် ခန္ဓာကိုယ်က ကျန်အစိတ်အပိုင်းတွေကို ကျန်းမာစေတယ်လို့ တရုတ် ဆေးပညာ မှာ ဖော်ပြထားတာပဲ ဖြစ်ပါတယ် …။
ကြက်သွန်နီက သဘာဝ ပဋိဇီဝဆေး တစ်မျိုး ဖြစ်ပါတယ်။ ခြေဖဝါးအောက်မှာထားပြီး အိပ်ရင် ခြေဖဝါး၊ ခြေသည်းက အရေပြားမှိုစွဲတာတွေ ပျောက်ပါတယ်။ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ကြက်သွန်နီမှာပါတဲ့ ဖော့စ်ဖောရစ် (phosphoric) အက်ဆစ်က သံလိုက်လို စုပ်ယူပေးနိုင်စွမ်း ရှိပါတယ်။ ရေဓာတ် ၉၀ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားတဲ့ကြက်သွန်နီကို အကြောဆုံရာနေရာဖြစ်တဲ့ ခြေဖဝါးမှာကပ်ထားရင် ခန္ဓာကိုယ်က ရေဓာတ် လိုအပ်တဲ့ နေရာတွေဆီ ထောက်ပံ့ပေးလိမ့်မယ်လို့ တရုတ်ဆေးပညာရှင်တွေက ဆိုထားကြပါတယ် …။
ကြက်သွန်နီကို ခပ်ထူထူကွင်းတာဖြစ်စေ၊ ထက်ဝက်ခြမ်းတာ ဖြစ်စေ ခြေဖဝါးအောက်၊ ခြေအိတ်ထဲ ထည့်ပြီး အိပ်စက်ခြင်းဟာ သွေးကိုသန့်စင်စေပြီး အိပ်စက်မှုကို အထောက်အကူ ပြုစေတယ်လို့လည်း ဆိုကြပါတယ်နော် …။ ။


