Ticker

6/recent/ticker-posts

ပန်းကန်ဆေးရာအတွင် အသုံးပြုသော ရေမြှပ်တွင် ဘက်တီးရီးယား များစွာရှိ


ပန်းကန်ဆေးရာတွင် အသုံးပြုသော ရေမြှပ်တွင် ဘက်တီးရီးယား များစွာ ကပ်ငြိနေကြောင်း ဇူလိုင်လအတွင်းက Science Reports သုတေသနဂျာနယ်တွင် ဖော်ထုတ်ရေးသားထားသည်။ 

နြူမိုးနီးယား အပါအဝင် အခြားရောဂါအချို့ကို ဖြစ်စေတက်သော ဘက်တီးရီယားများ များပြားစွာရှိနေကြသည်။ သုတေသီများက အသုံးပြုပြီး ရေမြှပ် ၁၄ ခု၏ microbial DNA sequence များကို လေ့လာခဲ့ကြသည်။

ရေမြှပ်ကို ရေနွေးပူတွင် ပြုတ်ခြင်း၊ မိုက်ကရိုဝေ့ဗ် မီးဖိုတွင် အပူပေးခြင်း စသည်တို့သည်လည်း အဆိုပါ ဘက်တီးရီးယားများကို မနှိမ်နှင်းနိုင်ကြောင်း ဆိုသည်။

အဆိုပါနည်းများဖြင့် ပိုးသတ်ထားသော ရေမြှပ်သည် မသန့်စင်ထားသော ရေမြှပ်ထက်ပင် ဘက်တီးရီယား ကပ်ငြိမှုရာခိုင်နှုန်း ပိုမိုများပြားသေးသည် ဟုသိရသည်။ ယခုလေ့လာမှုတွင် ရေမြှုပ် ဧရိယာ ၁ ကုဗစင်တီမီတာတွင် ဘက်တီးရီးယား ကောင်ရေပေါင်း 5 x 10^10 ခန့်ရှိသည် ဟုဆိုသည်။ 

အဆိုပါ ပမာဏမှာ မစင်တွင်ပါဝင်သော ဘက်တီးရီယား ပမာဏခန့်ဖြစ်သည်။ ရောဂါကာကွယ်ရန် အကောင်းဆုံး နည်းမှာ တစ်ပတ်တစ်ခါ ရေမြှုပ်အသစ် လဲလှယ်ခြင်းဖြစ်သည်ဟု အကြံပြုထားသည်။

Ref and Image : http://www.sciencemag.org/news/2017/07/your-kitchen-sponge-harbors-zillions-microbes-cleaning-it-could-make-things-worse