Ticker

6/recent/ticker-posts

သွေးတိုး ချက်ချင်းသက်သာစေမည့် နည်းလမ်းများ



သွေးတိုးရောဂါရှိသူများ သွေးတိုးပြီး ခေါင်းမူးလာပါ၍ ချက်ချင်း ဆေးရုံဆေးခန်းသွားပြဖို့ အဆင်မပြေပါက အောက်ပါ သဘာဝနည်းများဖြင့် သွေးတိုးရောဂါ သက်သာသွားအောင် ပြုလုုပ်နိုင်ကြပါတယ်။


(၁) ဒန့်သလွန်ရွက်ကို ရေစင်အောင်ဆေးပြီး ထောင်းလိုက်ပါ။ အရည်ညစ်ယူပြီး လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်ကို သောက်လိုက်ပါ။ သွေးတိုးချက်ချင်း သက်သာသွားစေပါတယ်။

(၂) သံပုရာသီးကို ခွဲပြီး အစေ့ ၅ စေ့ခန့် ၀ါးစားလိုက်ပါ။ သွေးတိုးချက်ချင်း သက်သာပါလိမ့်မည်။

(၃) သံပုရာသီး မရှိပါက သံပုရာပင်၏ အခေါက်ကို ဆေးကြောပြီး ရေနဲ့ သွေးပြီး သောက်ပေးနိုင်ပါတယ်။

(၄) ဗန်ဒါရွက်အနု ၃၊ ၄ ရွက်ခန့်ကို ရေစင်အောင်ဆေးပြီး ၅ မိနစ်ခန့် ပြုတ်ပြီး သောက်ပေးပါ။ တစ်နေ့ကို လက်ဖက်ရည်ခွက် ၃ ခွက်ခန် ့ သောက်ပေးပါ။ ၅ ရက်နဲ့ ၁ ပတ်အတွင်း သွေးတိုးရောဂါ သက်သာသွားပါမည်။


(သတိပြုရန်)

ဗန်ဒါရွက်ပြုတ်ရည်ကို အလွန်အကျွံ မသောက်သင့်ပါ။ ဝမ်းချုပ်တတ်ပါတယ်။