Ticker

6/recent/ticker-posts

ဇီးအိုရွာက ထူးခြားလှတဲ့ နွားအသုဘ

                        

ဇီးအိုရွာမှ နွားမသာချပွဲ ထိုရွာကို ကိုရင်ဂျိမ်းစ် ရောက်ချိန်က နေ့လည်ခင်း(၃) နာရီ ဝန်းကျင်ခန့်။ တစ်ကျောင်း တစ်ဂါထာ ၊တစ်ရွာ တစ်ပုဒ်ဆန်း ဆိုသလို၊ ဒီလိုမျိုး ဓလေ့တချို့တွေလည်း မြင်တွေ့ရတော့ မှတ်တမ်းတင်မိတယ်။



သေဆုံးရဲ့အမည်က (ဖိုးလုံး) – တဲ့။ အသက်အရွယ်ကိုတော့ မမေးမိဘူး။ ပြိုင်ပွဲတွေမှာ အလီလီ အနိုင်ယူ ဗိုလ်စွဲခဲ့တဲ့ ဒုန်းနွားလောကရဲ့ ဘုရင်တစ်ပါးဆိုပဲ။

ရွာသားတွေကလည်း အလွန်သစ္စာ ရှိကြတယ်။ အဲဒီသေဆုံးသွားတဲ့ နွားလေးကို မဖျက်ဘူး။ မစားဘူး။ထိုကဲ့သို့ အကျိုးပြုခဲ့တဲ့ ကျေးဇူးရှင်ကို ကောင်းမှုပြုဆုတောင်းခြင်း လုပ်ပေးတယ်။



အုတ်ဂူနဲ့ ကျကျနန သြင်္ဂ ိုလ်ပေးတယ်။ တစ်ရွာလုံး ဝမ်းနည်းပက်လက်ဖြစ်ကြတယ်ဆိုပဲ။ သူတို့ဒေသမှာ နှစ်စဉ်ကျင်းခဲ့တဲ့ ဒုန်းနွားပြိုင်ပွဲတွေမှာ ဆုတွေရပြီး ရွာရဲ့ဂုဏ်ကို ဆောင်ခဲ့တာကိုး … ။

ကဲ … ရှေ့ကိုဆက်လက် ခရီးထွက်အုံးမယ် … ။နယ်လှည့် အညာမြေတောဓလေ့ မှတ်တမ်းမှတ်ရာ အဖြာဖြာ …

#James