Ticker

6/recent/ticker-posts

ခံရခက်တဲ့ နောက်ကျောတက်ရောဂါ

 


နောက်ကျော တက်ခြင်းဟာ ကျားမ မရွေး၊ အရွယ် မရွေး၊ ရာသီဥတုမရွေး၊ အချိန်ခါ မရွေး ဖြစ်လေ့ ရှိကြပြီး ဇက်ကြောတက်(ဝါ) ဇက်ကြော ထိုးတယ် လို့လဲ ပြောလေ့ ရှိကြပါတယ်။ နောက်ကျော တက် ရတဲ့ အဓိက အကြောင်းရင်းကတော့ “ပင်ပန်းလို့ ”ပါဘဲ။ ဥပမာ အကြာကြီးငြိမ်၍ တရားထိုင်ရတဲ့ ရဟန်း သံဃာတော် များ၊ အာရုံစူးစိုက်ခေါင်းငုံ့၍ အလုပ်လုပ်ကြသော စာရေးစာချီဝန်ထမ်းများ၊ ဇာထိုး ပန်းထိုး စက်ချုပ်သမများ၊ ပန်းထိမ်ဆရာများ၊ ပန်းချီဆရာများ၊ ဆရာဆရာမ နှင့် ကျောင်း သားကျောင်း သူများ အဖြစ် များကြပါတယ်။ အချိန် ကြာလာတာနဲ့အမျှ ခေါင်းကိုက်၊ ပခုံးနာ၊ လည်ပင်း နာပါ ဖြစ်လာတတ်ပါတယ်။ အသက် အန္တရာယ် မရှိ ဟု ဆိုနိုင်သော်လည်း နေရထိုင်ရ ခက်ခဲပါတယ်။


*(၁) ဆင်ခြင်သုံးသပ်ပါ။*


အထက်ဖော်ပြပါ မလွဲမရှောင်သာတဲ့ အလုပ်များအပြင် စိတ်အာရုံနောက်ကျိခြင်း၊ အအိပ်အထိုင်ပုံစံမကျခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ မျက်မှန်ပါဝါ ဒီဂရီ မကိုက်ခြင်း၊ စာရေးစာဖတ်များခြင်း၊ လက်နှိပ်စက်(သို့)ကွန်ပြူတာကို

တရစပ်ရိုက်မိခြင်း၊ ရုပ်ရှင်၊ တီဗီ၊ ဗီဒီယို၊ ကွန်ပြူတာဂိမ်း၊ အင်တာနက်တွေ အကြည့်များခြင်း၊ စိတ်မချမ်းမြေ့ စရာကြုံတွေ့ခြင်း၊ သွေးတိုးခြင်းတို့ကလည်း နောက်ကျော တက်ခြင်းကိုဖြစ်စေပါတယ်။ ဒါကြောင့် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်၍ လိုတိုး ပိုလျော့ပြုပြင်ပါ။


*(၂) အနားယူပါ။*


နောက်ကျော တက်ခြင်းအတွက် အဓိက အိမ်တွင်း ကုထုံးကတော့ စိတ်ရောလူပါ အိပ်စက် အနားယူခြင်း ပါဘဲ။ အိပ်ယာပေါ်မှာ ခြေ ပစ်လက်ပစ် လှဲချပါ။ ခေါင်းအုံးထူထူကြီးပေါ် အိပ်စက်ခြင်းက လည်ပင်းရိုးနှင့်

လည်ပင်းကြွက်သားတွေကိုပို၍ ဒဏ်ဖြစ်စေနိုင် တာကြောင့် မိမိအတွက် သက်တောင့် သက်သာဖြစ်စေ မယ့် ခေါင်းအုံးကိုသာ သုံးပါ။


*(၃) ရေခဲအိတ် (သို့မဟုတ်) ရေနွေးအိတ်ကပ်ပါ။*


ပလပ်စတစ်အိတ်ထဲသို့ရေခဲတုံးလေးတွေခွဲထဲ့၍ နောက်ကျောပေါ်သို့ကပ်ပေးပါ။ စဦးပိုင်းမှာ အေးစက် နာကျင်သလို ခံစားရ သော်လဲ တဖြည်းဖြည်းဇက်ကြောတက်၍ လည်ပင်းတွေနာကျင်မှုကို သက် သာပြေလျော့သွားစေပါတယ်။ အကယ်၍ ဆောင်းရာ သီလို အေးမြတဲ့အခါများမှာ ရေနွေး အိတ်လေးဖြင့် ကပ်ပေးပါ။ ဒီနည်းက သွေးကြောတွေ ပွင့်လာပြီး သွေးလည်ပတ်မှုကိုအ ထောက်အကူဖြစ်စေတဲ့ အတွက် နောက်ကျောတက်၊ ဇက်ကြောထိုးခြင်းကို သက်သာစေပြီး စိတ်အာရုံ လန်းဆန်းသွားစေပါလိမ့် မယ်။


*(၄) အသာအယာနှိပ်နယ်ပေးပါ။*


ဦးစွာရေချိုးပြီးနောက် ခုံတစ်လုံးပေါ်မတ်မတ်ထိုင်၍ မိမိဖာသာ ဦးခေါင်းကို ဖြည်းဖြည်းချင်း အောက်ဘက် သို့ငုံ့နိုင်သမျှငုံ့ပါ။ ပြီးရင် မိုးကောင်းကင်ပေါ်သို့ မော့နိုင်သမျှမော့ကြည့်ပါ။ ထိုလေ့ကျင့်ခဏ်းကို အချိန် ၁၀

-မိနစ်ကြာမှ ဖြည်းဖြည်းမှန်မှန် လုပ်ပေးပါ။ (နောက်တစ်နည်း) ကိုယ်တွင်းမှာ အပူခဲအအေးခဲခြင်း ကလည်း နောက်ကျော ထိုးခြင်းကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပူလွန်း အေးလွန်းခြင်းအတွက် ဓာတ် ညှိပေးနိုင်တဲ့ “ဦးစိုင်း အကြောပြေလိမ်းဆေး” ကို ဇက်၊ ပခုံးတလျှောက် အသားထဲထိစိမ့်ဝင်အောင် ဆုပ်နယ် လူးပေးပါ။ (နောက်တနည်း) ဇက်ကြော၊ ဇက်ပိုး၊ ပုခုံး၊ လည်ပင်း၊ ပင်မကျောရိုး တလျှောက် ကို ရေနွေးအဝတ်ဖြင့် ကြပ်ထုပ်ထိုးပေးပါ။ ထို ေ့နာက် မုန်ညင်း ဆီလူးပေးပါ။


*(၅) အိမ်တွင်းကုထုံးမှီဝဲပါ။*


(က) သံပုရည်သောက်ပါ၊ သံပုရာခွံရှုပါ(သို့) သံပုရာသီး အလုံးလိုက်ကို လက်သည်းဖြင့်ဆိတ်၍ ထွက်လာသော သံပုရာခွံ၏ အစေးကို နားထင်နှင့် ဇက်ကြောတွေပေါ် ပွတ်လှိမ့်ပေးပါ။ (ခ) ချင်းကို ပါးပါးလွှာလွှာ ကလေးများဖြစ်အောင် လှီးပြီးမီးဖြင့် အနည်း ငယ်ပြပါ၊ ပြီးရင် ဇက်ကြောထိုးသည့် တက် သည့်နေရာများပေါ်ကို ကပ်ပေးထားခြင်းဖြင့် သက်သာပျောက်ကင်းသွားပါလိမ့်မယ်။ (ဂ)ကြောင်ပန်းရွက်ကို ကြိတ်၍ရလာသော သတ္တုရည်ကိုသောက်ပေးခြင်းဖြင့် အကြောတက်အကြောကိုက် ရောဂါများကို သက် သာပျောက်ကင်းစေနိုင်ပါတယ်။ အကယ်၍ ကြောင်ပန်းရွက်သတ္တုရည်ကို သောက်ရန်ဝန်လေးနေပါက ဟင်းချက်စားရုံမျှဖြင့် သက်သာပျောက်ကင်းစေပါတယ်။ (ဃ) ပတဲကောပင်၏အမြစ်ကို တူးဖော်၍ ရေ သန့်သန့်ဆေးပြီးနောက် နေပူပူတွင် အခြောက် လှန်းပါ(နေပူရှိန် အလွန်ပြင်းထန်ပါက တစ်နေ့သာ လှမ်းပါ၊ ရေဓာတ်အသင့်အတင့် ကျန်ရှိနေမှသာ ဆေးစွမ်းအာနိသင် ပိုမိုထက် မြက်စေမှာပါ၊ ဒါကြောင့် မစိုမခြောက်အနေအထား ဖြစ်ရပါမယ်)နေလှန်း၍ရလာသော ပတဲကောမြစ်ကို ကျောက်ပျဉ်ပေါ်၌ ရေ နှင့် ခပ်ပျစ်ပျစ်သွေးပါ၊ ဆေးရည်ကိုသိမ်းထားပြီး ဟင်းသောက်ဇွန်း တစ်ဇွန်းစာကို မနက်တစ်ကြိမ်၊ ညအိပ်ယာ ဝင်ချိန်တစ်ကြိမ် သောက်သုံးပေးပါ။ (င) ရှောက်သီးတစ်လုံးကို အလယ်တည့်တည့်ကခွဲ၍ အရည်ညှစ် ယူပါ၊ ပြီးရင် အစေ့၊ အခွံ၊ အရည် သုံးမျိုးလုံး ကိုကြွေခရား(သို့)ကြွေရည်သုတ်ဇလုံထဲမှာထည့်ပါ၊ ဆား သင့်ရုံဖြင့် ပွက်ပွက်ဆူနေသောရေနွေးဖြူကို ကြွေခရားတစ်လုံးခန့် ထည့်လိုက်ပါ၊ အေးလာပါက နံက် တစ်ကြိမ်၊ ညအိပ်ရာ ဝင်ခါနီးတစ်ကြိမ် သောက်ပေးခြင်းဖြင့် အကြောတက်ရောဂါတွေ တစ်ပတ် အတွင်း

သိသိသသာပျောက်ကင်းစေပါတယ်။ (စ) နနွင်းတက်ခြောက်ကို မီးရှို့၍ ရှုပေးပါ။ (ဆ) အဘထ ရှုဆေးရှုပါ။