အသားအရေ ညီညာမှု မရှိဘဲ အများစုကတော့ ဒူးမဲခြင်း၊ တံတောင်မဲခြင်း၊ ဂျိုင်းသား မဲခြင်းကို ခံစားရ ကြပါတယ်။ အခုလို ခေတ်ကြီးမှာ beauty clinic တွေအများကြီး ပေါ်လာတာကြောင့် ငွေကြေး အကုန်အကျ ခံနိုင်ရင်တော့ ဒီအချက်တွေကိုလည်း ကုစားနိုင်မှာဖြစ်ပါတယ်။ သို့သော် အခု ဖော်ပြမယ့် အကြောင်းအရာ လေးကတော့ ငွေကြေး အကုန်အကျ အလွန်နည်းပြီး ဘေးထွက်ဆိုးကျိုးလည်း မရှိတဲ့ သဘာဝအတိုင်း မဲနေတဲ့ အသားအရေတွေကို အသားအရေ ညီအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ်။ တစ်ကြိမ်တည်းနဲ့ ထိရောက်တာမို့ စမ်းသပ်ကြည့်ကြဖို့ကိုလည်း တိုက်တွန်းချင်ပါတယ်။


လိုအပ်သောပစ္စည်းများ
(၁) အဖြူရောင် သွားတိုက်ဆေး လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်
(၂) မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်
(၃) မကျိုချက်ရသေးသော နွားနို့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
(၃) သံပရိုသီး တစ်လုံး

ပြုလုပ်ပုံ အဆင့်ဆင့်
သွားတိုက်ဆေး၊ မုန့်ဖုတ်ဆိုဒါ၊ နွားနို့ တို့ကို ဖော်ပြပါ အချိုးအစားအတိုင်း ရောစပ်ပြီး သမအောင် မွှေပါ။
ရရှိလာသော အနှစ်ကို မဲနေသော တံတောင်၊ ဂျိုင်း၊ ဒူး တို့ကို လိမ်းကျံပါ။
သံပရိုသီးကို အလယ်မှ တစ်ခြမ်း ခြမ်း၍ သံပရိုသီးခြမ်း ဖြင့် ပွတ်တိုက်ပေးပါ။ ၅ မိနစ်ခန့် ပြုလုပ်ပြီးနောက် ရေဆေးလိုက်ပါ။
ထိုအခါ တစ်ကြိမ်တည်းနဲ့ သိသိသာသာ ဖြူဝင်းလာသော အသားအရေကို ရရှိစေမှာပဲ ဖြစ်ပါတယ်။ တစ်နေရာတည်း ကွက်ပြီး ဖြူဝင်းနေတာမျိုး မဟုတ်ဘဲ မိမိရဲ့ ပင်ကိုယ်အသားအတိုင်းဖြစ်သွားမှာ ဖြစ်ပြီး အဆိုပါ နေရာများ မဲနေခြင်းကို ကုစားနိုင်မှာပဲ ဖြစ်ပါတယ်။
သူငယ်ချင်း၊ မိတ်ဆွေတွေကိုလည်း ဒီနည်းလမ်းလေးကို မျှဝေပေးလိုက်ပါဦးနော်။
တစ်နေ့ထက် တစ်နေ့ ပိုလှနိုင်ကြပါစေရှင်။


