Ticker

6/recent/ticker-posts

နှမ်းဆီဖြင့်ပျောက်ကင်းနိုင်ရောဂါများ


 နှမ်းဆီကိုလူတိုင်းသိကြပါတယ် ။နှမ်းဆီကိုလူအများကကြော်ချက်စားသောက်ရန်အတွက် သာအသုံးပြုကြတာ များပါတယ် ။

နှမ်းဆီက စားသောက်ဖွယ်ရာများကြော်ချက်စား သောက် ရန်အတွက် သာမကာဆေးအဖြစ်လည်း အလွန်အသုံးဝင်ပါတယ် ။အိမ်တွင်းမီးဖိုချောင် မှပစ္စည်း များကို အသုံးပြုတတ်ရင် မိသားစုကျန်းမာအရေးအတွက် ဆေးအဖြစ်ပြောင်းလဲ အသုံးပြုနိုင်ပါတယ် ။

နှမ်းဆီအသုံးဝင်မှုသည်များမှာ

(၁) နားလေးခြင်း နားကိုက်ခြင်း နားအုံခြင်းတို့အတွက်နှမ်းဆီစစ်စစ် နဲ့နားကိုကြပ်ပေးမယ် ဆိုရင် သက်သာပျောက်ကင်းပါတယ်။

(၂) ဝမ်းကိုက်ရောဂါအတွက်နှမ်းဆီစစ်စစ်ကိုထန်းလျှက်နဲ့ကြော်စားရင်ဝမ်းကို က်ရောဂါပျောက်ကင်းပါတယ်။

(၃)နှမ်းဆီစစ်စစ်ကိုခန္ဓာကိုယ်ကိုလိမ်းပေးပါက အကြောများသန်စွမ်းပြီး အသားရေစိုပြည် ကာတောင့်တင်းခိုင်မာ ပြီးအင်အားပိုရှိလာပါမယ်။

(၄) ဝမ်းချုပ်လွန်းပြီးစမြင်းခံပါက နှမ်းဆီစစ်စစ်ကိုဟင်းစားဇွန်းတစ်ဇွန်းခန့်သောက်ပေးပါက စမြင်းခံသောရောဂါကိုပျောက်ကင်းပါတယ်။

(၅) လေဖြတ်ခြင်း အကြောများအဖုဖြစ်ခြင်း အကြောများရောင်ရမ်းခြင်းတို့အတွက် နှမ်းဆီစစ်စစ်ကိုအရက်နဲ့နေ့စဉ် လိမ်းပေးပါကသက်သာပျောက်ကင်းနိုင်ပါတယ်။

(၆) အရိုးကျိ ု း ထိခိုက်ဒဏ်နာ ဖြစ်ပါကနှမ်းဆီစစ်စစ်ကို အပူပေးပြီး ပရုပ် မင်သော် ဖုံးမသိမ် တို့ကို ထည့်ပြီးလိမ်းပေးခြင်း ကျပ်စည်းပေးခြင်းတို့ဖြင့်သက်သာပျောက်ကင်းစေပါတယ်။

(၇) ကလေးသူငယ်များဗိုက်အောင့်ဗိုက်နာဖြစ်ပါကနှမ်းဆီးစစ်စစ်ထဲကို ကြပ်ခိုးနဲ့ဆားအနည်းငယ် ထည့်ဖျော်ပြီးတိုက်ပေးခြင်း ဝမ်းဗိုက်အားလိမ်းပေးခြင်းတို့ပြုလုပ်ပါကပျောက်ကင်းစေပါတယ်။

(၈) နားပြည်ယိုခြင်းနာကိုက်ခြင်းတို့အတွက် နှမ်းဆီစစ်စစ်နဲ့ကြောင်ပန်းရွက်သတ္ထုရည် တို့ကိုရောစပ်ပြီးနားကြပ်ပေးခြင်း လိမ်းပေးခြင်းပြုလုပ်ရင်ပျောက်ကင်းစေပါတယ်။