Home
About
Contact
Home-icon
Health
Other
Ticker
6/recent/ticker-posts
Home
Health
ပဲသီးရဲ့ကျန်းမာရေးကောင်းကျိုးများ
ပဲသီးရဲ့ကျန်းမာရေးကောင်းကျိုးများ
Admin
January 13, 2021
ပဲသီးဟာ ကျန်းမာရေးအတွက်စားသင့်တဲ့ သီးနှံတစ်မျိုးဖြစ်ပါတယ်။ ပဲသီးဟာ တစ်နှစ်ပတ်လုံးစားသုံးနိုင် ပြီး အစိမ်းရောင်ဟင်းသီးဟင်းရွက်အမျိုးစားဖြစ်ပါတယ်။
အပင်ဖြစ်ပြီးနောက် ရက် ၆၀ အတွင်းမှာ အသီးသီးပါတယ်။ ချက်မစားနိုင်လျင်လည်း အစိမ်းလိုက်ဝါးစားနိုင်တဲ့ သီးနှံတစ်မျိုးပါ။ နုတဲ့ပဲသီးဆိုရင် အရသာပိုချိုတတ်ပါတယ်။ ပဲသီးမှာ အညှိရောင်အစက်အပြောက်တွေ ပါရှိခဲ့ရင် မစားသင့်ပါ။
ဗီတာမင် A၊ ပရိုတင်း၊ သံဓာတ်၊ ဖော့စရတ်၊ သီအာမင်၊ ရီဘိုပလာဗင် ၊ပိုတက်စီယမ်၊ တို့ပါဝင်ပါတယ်။ ဒါကြောင့် ပဲသီးဟာ အင်အားပြည့်စေတဲ့ သီးနှံတစ်မျိုးဆိုလည်း မမှားပါဘူး။
ကယ်လိုရီနဲနဲ ပဲပါဝင်တဲ့အတွက် မှန်မှန်စားသုံးပေးရင် ခန္ဓာကိုယ်အတွက် အလေးချိန်ကိုထိန်းထားပေးနိုင်ပါတယ်။ကင်ဆာကို ကာကွယ်ပေးနိုင် ပြီး ပြင်ပမှ ရောဂါပိုးတွေကို အလွယ်တစ်ကူမကူးအောင်လည်းတားဆီးပေးပါတယ်။
အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပါတယ်။ အရွယ်တင်နုပျိုစေတယ်။ နှလုံးနှင့် ဆိုင်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။ သွေးတိုးသမားတွေ စားသင့်ပါတယ်။ အဆစ်ရောင်ခြင်းတွေကို သက်သာစေပါတယ်။
ပန်းနာရင်ကျပ်ခြင်းကိုကာကွယ်ပေးပါတယ်။ ဆီးချိုရောဂါသမားတွေ စားပေးသင့်ပါတယ်။ဒါကြောင့်ပဲသီးဟာ ဈေးချိုပြီး ကျန်းမာရေးအတွက် အားထားရတာမို့ စားသုံးပေးဖို့ မမေ့ပါနဲ့နော်။
Social Plugin
Ad Network
Ad Space
Popular Posts
အံ့သြသွားစေမယ့် ကြက်သွန်နီဥ ခြေဖဝါးလေးမှာကပ်ပြီး အိပ်ကြည့်ရင် ရမည့်အကျိုးကျေးဇူးများ
January 13, 2021
ပြင်းထန်သော သားအိမ်ကင်ဆာကို သန္ဓေတားဆေးများက ကာကွယ်နိုင်
January 26, 2021
ရန်ကုန်ဆေးရုံကြီးရှိ ဓာတ်ရောင်ခြည်ဌာနတွင် ပြင်ပလူနာများ ရက်ချိန်းယူနိုင်မည့် ဖုန်းနံပါတ်များ
January 19, 2021