Ticker

6/recent/ticker-posts

ဆွမ်းမွှေးရွက်၏ ကျန်းမာရေးကောင်းကျိုးများ

 


ဆွမ်းမွှေးရွက်က ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးလေးတွေပေးတယ်ဆိုတာကို ဗဟုသုတအနေနဲ့ တင်ဆက်ပေးချင်ပါတယ်။ တစ်ချို့တွေက ဆွမ်းမွှေးရွက်ကို အနံ့စွဲပြီး ရနံ့သင်းစေပါတာမို့ ချက်ပြီးခါစ ထမင်းအိုးထဲမှာ ထည့်တတ်ကြပါတယ်။ 

တစ်ချို့ကတော့ ဆူးမွှေးရွက်လို့ ခေါ်ကြပါတယ်။ ဆွမ်းမွှေးရွက် အရည်ကို မုန့်လက်ဆောင်းဖတ် ပြုလုပ်တဲ့နေရာတွေမှာလည်း ထည့်သွင်းအသုံးပြုကြသလို အခြားသောအစားအစာတွေထဲမှာလည်း ရနံ့မွှေးအောင် ထည့်သွင်းအသုံးပြုကြပါတယ်။

ဆွမ်းမွှေးရွက်ဟာ သိထားတာထက် ပိုပြီးတော့ အသုံးဝင်သလို လူ့ခန္ဓာကိုယ်အတွက်လည်း ကျန်းမာရေး ဆေးစွမ်းကောင်း တလက် ဖြစ်စေပါတယ်။ ဆွမ်းမွှေးရွက်ကို ခူးပြီးနောက် ရေသန့်စင်အောင် ဆေးကြောပြီး ကြိတ်၍အရည်ညှစ်သောက်ပါက ရရှိနိုင်သော ကောင်းကျိုးများကို ဖော်ပြပေးလိုက်ပါတယ်။

- အသည်းရောင်အသားဝါရောဂါ

- အဆုတ်ရောဂါ

- အဆစ်အမြစ်ရောင်ရောဂါ

- ဒူးနာရောဂါ

- ခါးနာရောဂါ

- ဗိုက်အောင့်၊ဗိုက်နာရောဂါ

- ဂေါက်ရောဂါ

- သွေးတိုးရောဂါ

- ကင်ဆာရောဂါ

- အဖျားရောဂါအမျိုးမျိုး

- အရေပြားရောဂါအမျိုးမျိုး

- ခေါင်းကိုက်ခြင်း

- နားကိုက်ခြင်း

- သွားဖုံးနာခြင်း

- အပူကျခြင်း

- အဆိပ်ပြေစေခြင်း

- အိပ်မပျော်ခြင်း

- ပင်ပန်းနွမ်းနယ်ခြင်း

- အားအင်ကုန်ခမ်းခြင်း

- အရက်မူးပြေပျောက်ခြင်း

- အရက်နာကျခြင်းများ

စတဲ့ ရောဂါတွေကို သက်သာ ပျောက်ကင်းစေပါတယ်။ ဆွမ်းမွှေးရွက်ကို အခြောက်ခံပြီး အဖတ်ကို လ္ဘက်ခြောက်ကဲ့သို့ ရေနွေးခပ်သောက်လို့ရသလို အရွက်ခြောက်ကိုလည်း အမှုန့်ကြိတ်၍ ၎င်းအမှုန့်ကို ယာနာအဖုများပေါ်သို့ ပွတ်လိမ်းပေးပါက ပျောက်ကင်းသက်သာစေပါတယ်။ ထို့အပြင် ဆွမ်းမွှေရွက်ဟာ အနံ့အသက်ဆိုးများကို စုပ်ယူပေးနိုင်တဲ့ အစွမ်းသတ္တိလည်း ရှိပါတယ်။ ထိုသို့ အကျိုးကျေးဇူးများတဲ့ ဆွမ်းမွှေးရွက်ကို ကျန်းမာရေးအတွက် များစွာအသုံးပြုနိုင်ကြောင်း ဗဟုသုတရရှိစေရန် တင်ပြပေးလိုက်ပါတယ်။