Ticker

6/recent/ticker-posts

သင့်ရဲ့လက်သည်းပွင့်လေးတွေက ပြောတဲ့ကျန်းမာရေးအကြောင်း

 


လူတိုင်းဖြစ်ဖူးကြမှာပါ လက်သည်းမှာ အဖြူရောင်အကြောင်းလေးတွေအပွင့်လေးတွေ ပေါ်တတ်ကြပါတယ်။ လက်ငါးချောင်းလုံးရှိတဲ့သူတွေလည်း ရှိကြပါတယ်။ သို့မဟုတ် လက်သည်းနှစ်ချောင်း သုံးချောင်းလောက် အပေါ်မှာလည်း ပေါက်ရောက်တဲ့သူတွေလည်းရှိကြပါတယ်။ ဒဏ်ရာကြောင့်လည်း ဖြစ်နိုင်သလို ဟော်မုန်း ပြောင်းလဲကြောင့်(သို့မဟုတ် ) အာဟာရဓာတ်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ 

နောက်တစ်နည်းစဉ်စားရမှာကတော့ လက်သည်းဆိုးဆေးတွေနဲ့ မတည့်ခြင်း၊ အလက်ဂျစ်ဖြစ်ခြင်း၊ လက်သည်း မှိုရောဂါဖြစ်ခြင်း၊ ကယ်ဆီယမ်ချို့တဲ့ခြင်း၊ ဒီလိုလက်သည်းကျိုးခြင်း၊ လက်သည်းမှာပန်းပေါ်ခြင်းတွေကို ဗီတာင်မင် သတ္တုဓာတ်တို့ ဇင့်ဓာတ်တို့စားပေးရပါမယ်။ဗီတာမင် စီဆိုရင်တော့ သစ်သီးတွေ၊ ပြီးတော့ ဟင်းသီးဟင်းရွက်၊ နွားနို့ ဒိန်ချဉ် စတာတွေကို အဓီကစားပေးဖို့လိုပါတယ်။

အဲလိုလက်သည်းပန်းပွင့်နေတာကို မကြိုက်တဲ့သူတွေအတွက် လျော့နည်းသွားအောင်ပြုလုပ်လို့ရပါတယ်။ သံပုရာ လက်ဖက်ရည်ဇွန်း ၁ဇွန်းသံလွင်ဆီ မျှတရုံဖြင့်ရောစပ်ကာ လက်သည်းမှာပွတ်တိုက်ပေးပါ။ ၁၅ မိနစ် လောက်ထာပြီး ပြန်ဆေးချပေးပါ။ဒီလိုမျိုးနေ့တိုင်းလုပ်ပေးရင် လက်သည်းပွင့်ခြင်းကြောင့်စိတ်ညစ်နေတဲ့ ပျိုပျို တွေ စိတ်ညစ်ခြင်းကို ပျောက်ကင်းစေမှာဖြစ်ပါတယ်။