Ticker

6/recent/ticker-posts

ကျန်းမာရေးအတွက် အထောက်ကူပြုပေးတဲ့ ငှက်ပျောပင်စည်

 


ငှက်ပျောပင်စည်ကို တစ်ချို့ကျတော့ သုပ်စားကြပါတယ်။ ငှက်ပျောပင်စည်ဟာ ကျန်းမာရေးအတွက်လည်း အသုံး ဝင်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်တတ်တဲ့ရောဂါ၊ အမျိုးသမီးများအဖြူဆင်းခြင်း၊ ယားယံလာပြီး ကုတ်ဖဲ့လိုက် ရင်ဖြင့် ပိုးဝင်တတ် တဲ့အထိဖြစ်တတ်ကြပါတယ်။ 

အဲလိုပိုးဝင်ခဲ့ရင် ငှက်ပျောပင်စည်ဖျော်ရည်တစ်ခွက် တစ်ပတ်ကို တစ်ကြိမ်လောက်သောက်ပေးပါနော်။ငှက်ပျောပင်စည်ကို အိမ်မှာကြာကြာထားခံအောင် ဇလုံတစ်ခုထဲမှာ နို့ထော ပတ်အနည်းငယ်ဖြင့် ဆားအနည်းငယ်ဖျော်ထားပြီး အထဲမှာထည့်စိမ်ထားရင် အကြာကြီးထားလို့ရပါတယ်။  

နောက်တစ်မျိုးကတော့ ငှက်ပျောပင်စည်ကိုနွားနို့ထောပတ်အနည်းငယ်၊သကြား၊လက်ဖက်ရည်တစ်ဇွန်းနှင့် သစ်ကျ ပိုးမှုန့်အနည်းငယ်ကိုဖျော်စက်ထဲကြိတ်ပြီး သောက်ပေးရင်လည်းရပါတယ်။ ငှက်ပျောပင်စည်ကို သကြားသင့်တော်ရုံ သံပုရာတစ်ခြမ်း၊ ရောဖျော်ပြီးသောက်ပေးပါ။ 

ငှက်ပျောပင်စည် ပန်သီး၊ သကြားကိုအနည်းငယ် နှင့်ဖျော်သောက် လည်းအဆင်ပြေပါတယ်။ငှက်ပျောပင်စည်၊ ဒိန်ချဉ်၊သကြား၊သရက်သီးမှည့် နှင့်လည်းဖျော်သောက်လို့ရပါတယ်။ ငှက်ပျောပင်စည်၊ ကျောက်ဖရုံသီး၊ သကြားအနည်းငယ်ရောဖျော်ပြီး သောက်ရင်လည်းအဆင်ပြေပါတယ်။ 

ဆီးချိုဖြစ်တဲ့ သူများ၊ကျောက်ကပ်ကျောက်တည်သူများ၊ အစာအိမ်အနာဖြစ်နေသူများ၊ အစားအိမ်အချဉ်ပေါက်သူ များ၊ ငှက်ပျောပင်စည်ဖျော်ရည်ကို ဆေးအဖြစ်သောက်မယ်ဆိုရင် (၉)ကျပ်သားခန့်ရှိတဲ့ငှက်ပျောပင်စည်ကို မျှင်ကို ဖယ်ထုတ်ပါ ကြိတ်ပြီး ဟင်းစားဇွန်းသုံးဇွန်းနီးပါးကို ဘာမှမရောဘဲ ရက်(၂၀)တိတိသောက်ပေးနိုင်ပါတယ်။ငှက်ပျော ပင်စည်ကိုအစိမ်းသုတ်စားခြင်း၊ ဖျော်ရည်သောက်သုံးခြင်း၊ချက်ပြုတ်စားသုံးခြင်းက ဘာဆိုးကျုးိမှ မရှိတဲ့ သဘာဝ ကပေးတဲ့ အစားစားတစ်မျိုးဖြစ်ပါတယ်။ အားလုံးကျန်းမာရွင်လန်းကြပါစေ။