(၁) ကြက်ရိုးကို ကြာကြာလေး ပြုတ်ပါ။
(၂) ကျောက်ဖရုံသီး တစ်စိတ်ကို ခပ်သေးသေး တုံး၍ ထည့်ပြုတ်ပါ။
(၃) ငရုတ်ကောင်း ၅ စေ့ခန့်ကို ထုထည့်ပါ။
(၄) ဟင်းကျက်ပြီဆိုရင် တရုတ်နံနံပင် အနေတော် ၃ ပင်ခန့်ကို နှုတ်နှတ်စင်း၍ ထည့်ပါ။
(၅) ပန်းကန်ထဲထည့်ပြီး သောက်ခါနီး သံပုရာတစ်စိတ်ကို ညစ်ထည့်ပြီး သောက်ပါ။ အရည်ရော အဖတ်ပါ စားပါ။ တစ်အိုးလုံး မကုန်မချင်း နားနားပြီး စားပါ။
(၆) အနည်းဆုံး တစ်လတစ်ကြိမ်လောက် ကျောက်ဖရုံသီးဟင်းချိုကို ချက်သောက်ပါ။
ကျောက်ကပ်ဟာ လူသားတွေအတွက် အရေးပါဆုံးအလုပ်တွေကို လုပ်ဆောင်ပေးနေတဲ့ အရေးကြီးတဲ့အရာတစ်ခု ဖြစ်ပါတယ်။ နေ့စဉ် စားသောက်နေတဲ့ အစားအစာများကို စစ်ထုတ်ပေးရတယ်။

ယနေ့ခေတ် အစားအသောက်များကလည်း ဟိုအရင်လို သဘာဝအလျှောက် တောထဲကရတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်က ရှားပါးသွားပြီး နည်းပညာအမျိုးမျိုးနဲ့ ထုတ်လုပ်တာကိုပဲ စားသုံးနေရပါတယ်။ အဆိပ်အတောက်မျိုးစုံလည်း ပါ၀င်နေပါတယ်။ ကြာလာတော့ ကျောက်ကပ်ကို သွားထိပါတယ်။ ကျောက်ကပ်က မစစ်ထုတ်နိုင်တော့ အခဲဖြစ်ကျန်ရစ်ပြီး ကျောက်ကပ်မှာ
ကျောက်တည်ရောဂါများ ဖြစ်လာကြပြီး ဆေးရုံတက်ခွဲနေကြသူတွေ မနည်းပါဘူး။
အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုတဲ့စကားအတိုင်း ကျောက်ကပ်အတွက် အကောင်းဆုံးဟင်းတစ်ခွက်ကို ညွန်ပေးလိုက်ရပါတယ်။

ယမင်း ဖြူ( ကျွန်းကလေး )


