ရွှေလယ်တောကဆေး(သရက်ကင်းဥ)
သရက်ကင်းဥကရွှေလယ်တောမှဦးကြီးများကပါးပါးလှီးပြီးငါးကင်ပုဇွန်ခြောက်တို့နဲ့သုပ်စားလေ့ရှိတဲ့အပင်ရဲ့ဥဖြစ်ပါတယ်။
ရေနွေးကြမ်းနဲ့အလွန်တွဲဖက်ညီတဲ့အမြီးသုပ်လေးဖြစ်ပါတယ်။ဦးကြီးတွေရဲ့အိမ်ရှင်မများကပုဇွန်ကင်၊ငါးကင်တို့နဲ့သရက်ကင်းဥကိုကြော်စားငါးပိရည်နဲ့တို့စားတတ်ကြပါသေးတယ်။ဒီလိုစားပေးတော့ဝမ်းဖောဝမ်းရောင်မဖြစ်စေပဲချွေးတစိုစိုနဲ့ကျန်းမာစေပါတယ်ကျားနနွင်း၊မုန်နဖူးပင်တို့နဲ့ဆင်ဆင်တူပေမယ့်အရွက်၊ပင်လုံးပင်စည်၊ကပိုကြီးပြီးဥတက်တွေကသေးငယ်ပါတယ်။ဖြူဝါရောင်ဥတက်လေးတွေဖြစ်ပါတယ်။
သရက်သီးကင်းနံ့နဲ့တူလို့”သရက်ကင်းဥပင်”လို့ခေါ်ကြပါတယ်။မြန်မာနိုင်ငံအနှံ့ပေါက်ရောက်ပါတယ်ရုက္ခဗေဒအမည်နဲ့ Curcuma Amada လို့ခေါ်ပါတယ်။Mango Gingerလို့လဲခေါ်ပါတယ်။ဂျင်းမျိုးရင်းမှာပါဝင်ပြီးနနွင်းနဲ့ဆင်တူပါတယ်။ဘက်တီးရီးယားနဲ့မှိုများကိုနှိမ်နင်းနိုင်တဲ့အာနိသင်ရှိပါတယ်။အချဉ်တည်ခြင်း၊သနပ်လုပ်စားခြင်း၊အတို့အမြုပ်လုပ်စားခြင်း၊ဆေးအဖြစ်ဖော်စပ်ပြီးလည်းသုံးစွဲကြပါတယ်။
အေး၊ခါး၊ဖန်အနည်းငယ်စပ်အရသာရှိပါတယ်။သွေးနဲ့အဆိပ်သင့်ခြင်းကိုနိုင်ပါတယ်။သုက်ဓာတ်ပွားစေပါတယ်။ဝမ်းမီးတောက်အစာကြေစေပါတယ်။မလအညစ်အကြေးများကိုစွန့်ထုတ်ပေးပါတယ်။သလိပ်နာ၊ချောင်းဆိုးရင်ကြပ်၊ပန်းနာ၊အဖျား၊ထိခိုက်ဒဏ်နာရောင်ရမ်းခြင်း၊လေနာရင်ဘတ်နာ၊ဆီးကျောက်တည်ရောဂါ၊ဆီးဖောက်ပြန်ခြင်း၊ယားနာတွေပျောက်စေပါတယ်သရက်ကင်းဥရင့်ရင့်ကိုသကြားသင့်ရုံနဲ့ပြုတ်သောက်ပါကသွေးဝမ်းရောဂါ၊ထုံကျင်ကိုက်ခဲတဲ့ရောဂါ၊ကိုယ်လက်တောင့်တင်းခြင်း၊ဆီးကြောတင်းခြင်း၊အစားပျက်ခြင်း၊လေအောင့်ခြင်း၊နှလုံးမငြိမ်တဲ့ရောဂါ၊မူးဝေထှိုင်းမှိုင်းတဲ့ရောဂါတွေပျောက်ပါတယ်
ထိခိုက်ဒဏ်နာအတွင်းကြေဒဏ်နာတွေမှာသရက်ကင်းဥ၊ထုံးနဲနဲ၊နနွင်းနဲနဲကြိတ်ပြီးအုံဆေးအဖြစ်အဝတ်နဲ့စည်းထားပါကအမြန်ပျောက်စေပါတယ်ဒီအုံဆေးကိုပဲအမျိုးသမီးများနို့ချောင်းပိတ်၊နို့နာတွေကိုအုံလိမ်းပေးပါကလည်းပျောက်စေပါတယ်(ကျန်းမာချမ်းသာပြည့်ဝပါစေ…..)ဆေးပင်တွေအကြောင်းအရမ်းစိတ်ဝင်စားတဲ့မိတ်ဆွေများအတွက်ဒီလိုနေ့နာမ်အလိုက်ဆေးပင်လေးတွေအကြောင်းတင်ပြပေးသွားမယ့်MINGALAR HERBAL TALK အစီအစဉ်ကိုနေ့စဉ်တင်ပြပေးသွားမှာပါသောကြာနေ့ ဆိုသောကြာနာမ်ဆေးပင်အကြောင်းတင်ပြပေးသွားမှာပါ။
ဒီအစီအစဉ်လေးကိုစိတ်ဝင်စားကြိုက်နှစ်သက်တယ်ဆိုရင်Likeလုပ်ပေးပြီးCommentမှာYesလေးရိုက်ပေးပါ။တခြားသူများကိုလည်းမျှဝေပေးလိုက်နိုင်ပါတယ်မိတ်ဆွေတို့သိလိုတဲ့နေ့နာမ်အလိုက်ဆေးပင်လေးတွေလည်းcommentမှာမေးထားလို့ရပါတယ်။အမေးများတဲ့ဆေးပင်ကိုဦးစားပေးတင်ပြပေးပါမယ်တင်ပြပေးထားတဲ့ဆေးပင်အကြောင်းမိတ်ဆွေတို့သိထားတာတွေလည်းcomment မှာမျှဝေရေးသားသွားလို့ရပါတယ်။မနက်ဖြန်စနေနေ့အတွက်သိချင်တဲ့(တ၊ထ၊ဒ၊ဓ၊န)စတဲ့စနေနေ့နာမ်ထဲကဆေးပင်ရှိရင်လည်းမေးထားလို့ရပါတယ်နော
ဆရာရဲ(မင်္ဂလာတိုင်းရင်းဆေး) စျေးကြီးကြီးမရောင်းဘူးဘယ်တော့မှမသုံးပါဘူး
မိဿလင်ကြပ်ထုပ်သုံးစွဲနိုင်တဲ့ဝေဒနာတွေ-….အဆစ်နာအဆစ်ရောင် ၊လက်ကပ် ၊ဒူးနာ၊ခါးနာ၊ ကြွက်သားတောင့်တင်းကိုက်ခဲ နာကျင်ခြင်း ထုံနာကျင်နာ၊ လေးဘက်နာ၊ ကျီးပေါင်းရောဂါ၊ နာတာရှည်လေငန်းရောဂါ အရိုးပိုင်းလှုပ်ရှားမှုချို့ယွင်းသူများ၊ကိုယ်လက်ညောင်းညာကိုက်ခဲနာကျင်သူ၊လေဖြတ်လေငန်းရောဂါ၊အားကစားသမားများနဲ့ကိုယ်စိတ်ပင်ပန်းနွမ်းနယ်နေချိန် မှာ အကြောပြေ လန်းဆန်းစေဖို့အသုံးပြုနိုင်ပါတယ်။
မိဿလင်ကြပ်ထုပ်(၂)ခု၊ကြပ်ထုပ်ဆီတစ်ဘူးပါတဲ့ မိသားစုသုံးတစ်ဘူး စျေးနှုန်း 4000ပါ။အိမ်မှာပဲသုံးသုံး လက်ဆောင်ပဲပေးပေး လိုသလိုသုံးလို့ရအောင်အလှစက္ကူဘူးပုံစံနဲ့ပလပ်စတစ်အကြည်ဘူးပုံစံဆိုပြီးပုံစံ(၂)မျိုးရရှိနိုင်ပါတယ်။စျေးနှုန်းကအတူတူပါပဲ။မှာယူလိုပါကChat Boxနှင်Hot Line-095018457 မှလည်းမှာယူနိုင်ပါတယ်။ဆေးရောက်မှငွေချေစနစ်(Cash-On-Delivery)နဲ့စာတိုက်မှပို့ပေးပါတယ်။
ဆရာရဲ(မင်္ဂလာတိုင်းရင်းဆေး)
103,(3)လမ်းနှင့်(6)လမ်းထောင့်(8)ရပ်ကွက်,တောင်ဥက္ကလာပစက်မှုဇုံ,ရန်ကုန်မြို့W(10),လမ်း(70),29×30လမ်းကြား,ဗထူးကွင်းအရှေ့ဘက်,ရုံးကြီးတိုက်တန်း,မန္တလေးမြို့
Hot Line-095018457
စေတနာအဓိကပထမ
မင်္ဂလာတိုင်းရင်းဆေး


