Ticker

6/recent/ticker-posts

နံ့သာဖြူ နှင့် ဆေးဖက်အသုံးဝင်ပုံ



နံ့သာဖြူပင်ရဲ့ ပင်စည်မှရရှိသော အနှစ်သားသည် အကိုင်းအခက်မှရရှိသော အသားထက် ပိုမိုကောင်းမွန် ပါတယ် ။


နံ့သာဖြူရဲ့ဆေးဖက်ဝင်ပုံတွေကတော့


အပူအားကြီးသောရောဂါ


ဖျား၍ အပူရှိန်အားကြီးခြင်း၊ ကိုယ်သားကိုယ်ရေပူလောင်ခြင်းစသော အပူလွန်ရောဂါများအတွက် နံ့သာဖြူ နှင့် ပရုပ်ကိုသွေး၍ ဦးခေါင်း၌လိမ်းပေးပါ။ အပူအခိုးများထွက် သွားပါလိမ့်မယ် ။


ယားယံခြင်းအတွက်


နံ့သာဆီ နှင့် သံပုရာရည် ဖျော်၍လူးပေးပါ။


ဆီးအောင့်ခြင်း၊ ဝမ်းသွားခြင်းအတွက်


ဆန်ဆေးရည်နှင့် နံ့သာဖြူသွေး၍ ပျားရည်၊ သကြား အသင့်အတင့် ရောစပ်၍ သောက်ပေးပါ။


ဒက်ပေါက်ခြင်းအတွက်


ကလေးများခေါင်းမှာ အပူလွန်၍ ဒက်ပေါက်ခြင်း ၊အနာစက်များပေါက်ခြင်းအတွက် နံ့သာဖြူကို နှင်းဆီရည်နှင့်သွေး၍ နံနံစေ့၊ မြက်မွှေး အနည်းငယ်ရော၍ လိမ်းပေးပါက ပျောက်ကင်းပါတယ် ။


(တစ်နည်း) နံ့သာဖြူတစ်မျိုးတည်း လိမ်းနိုင်ပါတယ် ။


အပူလွန်ခြင်း၊ ကြို့ထိုးခြင်းအတွက်


ဆန်ဆေးရည်နှင့် နံ့သာဖြူရောသွေး။ သကြားခဲနှင့်ရော၍သောက်ပါက ပျောက်ကင်းနိုင် ပါတယ် ။


ခေါင်းကိုက်လျှင်


နံ့သာဖြူကို ဓားဖြင့် အနည်းငယ်ခြစ်ယူ။ ရရှိသောအမှုန့်နှင့် နံနွင်းမှုန့်ကို မီးတွင်ထည့်၍ ထိုအငွေ့ကို ရှူပေးပါ။ ခေါင်းကိုက်ခြင်း သက်သာပျောက်ကင်းစေပါတယ် ။


ကိုယ်ပူ၊ ချွဲပူ ကျစေရန်


ကွမ်းရွက်နှင့် ခွေးသေးပန်းရွက် လက်တွင်းတစ်ဆုပ်ခန့်အားထုထောင်းပါ ၊ ယင်းသတ္တုရည်ထဲသို့ ဆားအနည်းငယ်နှင့် နံ့သာဖြူ မကျည်းစေ့တစ်စေ့စာခန့် ပျစ်ပျစ်သွေး ထည့်။ စတီးခွက်သေး ( သို့) ကြွေဇွန်းတွင်ထည့်။ မီးခဲ(သို့)ဖယောင်းတိုင်မီးဖြင့် အနည်းငယ် ဆူပွက်လာအောင် မီးအပူပေးပါ။


ထိုသတ္တုရည်နွေးနွေးအား လူကြီး( သို့)ကလေး အား တစ်နေ့(၃) ကြိမ်တိုက်ပေးပါကကိုယ်ပူ၊ ချွဲပူ ကျစေပါတယ် ။

တစ်ပတ်အတွင်း ဝက်ခြံ၊ အမာရွတ် ပျောက်နည်း


( ၁ ) နံ့သာဖြူမှုန့်နဲ့ နှင်းဆီ ရည်

နံ့သာဖြူ မှုန့်နဲ့နှင်းဆီရေ ကို ပျစ်ပျစ် ဖျော်စပ် ပြီး၊ အမာရွတ် ပေါ်တိုက် ရိုက် လိမ်းပေး ပါ။ အချိန် ၁ နာရီ ကျော် ထားပါ ( သို့မဟုတ် ) တညလုံး လိမ်း အိပ်နိုင် ပါတယ်။ ပြီးရင် ရေအေး ဖြင့် မျ က်နှာ သစ် လိုက်ပါ။ အသား အရေအေးမြတဲ့ ခံစားမှု ကို ချက်ချင်း သိရမှာပါ။ အမာရွတ် တွေ သိ သိ သာသာ လျော့ပါး သက်သာ လာစေ ပါတယ်။

( Rosewater လို့ခေါ်တဲ့ နှင်းဆီရေ ကို အလှကုန် ပစ္စည်း ဆိုင် တွေ မှာ ဝယ်ယူ ရရှိ နိုင်ပါတယ် )

ဆေးနည်း(၁၀၀၀)