ဂျူးမြစ်က အစားသောက်တွက်ပါမကပါဘူး ကျန်းမာရေးအတွက်ပါ အသုံးဝင်ပါတယ်။ ဂျူးမြစ်ကို နေ့စဉ်ပုံ မှန်စားသုံးလို့ရှိရင် သွေးဖိအားကိုပုံမှန်အလုပ်လုပ်စေပါတယ်။ သွေးဖိအားကောင်းလို့ နှလုံးသွေးကြောကို လည်း ကောင်းမွန်စေပါတယ်။ နောက်ြင်္ပီးတော့ အိုးမင်းရင့်ရော်ခြင်း၊ အသက်ကြီးလို့ အယ်ဇိုင်းမာဝေဒနာ ခံစားရခြင်းအတွက် အထောက်ကူပြုတဲ့ ဂျူးမြစ်ကိုနေ့စဉ်စားသင့်ပါတယ်။ နောက်ထပ်ရရှိတဲ့ အကျိုးကျေးဇူး တွေကတော့ ဘက်တီးရီယားကိုကာကွယ်ခြင်း၊ မှိုပိုးကြောင့် ဖြစ်တတ်တဲ့ ဝေဒနာများ၊ အရိုးပါးရောဂါများ၊ အဆုတ်နှင့် အူလမ်းကြောင်း အစာအိမ်ဝေဒနာ၊ ကင်ဆာဝေဒနာတွေကို ကာကွယ်နိုင်ပါတယ်။
ကာဗွန်ဟိုက်ဒရိတ် ၊ပရိုတိန်း၊အဆီ ဓာတ်၊ကိုလက်စထရော၊ အမျှင်ဓာတ်များစွာပါရှိပါတယ်နော်။ နောက်ထပ်ဓာတ်တွေကတော့ ဗီတာမင်၊ ဖောလစ်အက်ဆစ်၊ နိုင်ယာစင်၊ ဗီတာမင်အေ၊ သိုင်ယာမင်း၊ ဗီတာမင်အီး တို့လည်းပါဝင်သေးတယ်။ သတ္တူ ဓာတ်တွေအနေနဲ့ ကယ်ဆီယမ်၊ ကော့ပါး၊ သံဓာတ်၊မဂ္ဂနီဆီယမ်၊ တို့ပါဝင်ပါတယ်။ ကင်ဆာအတွက်လည်း ကယ်ရိုတင်း၊ ကရိုင်တိုဇန်သင်၊ လူတိန်း၊ဇီဇန်သင် တို့ပါဝင်ပါတယ်။ ဒါပေမဲ့ ဂျူးမြစ်မှာပါဝင်တဲ့ အာဟာရဓာတ်တွေ လျော့ မသွားစေဖို့ စိုက်ပျိုးနည်း၊ သိုလှောင်နည်းတွေ သိထားဖို့လိုပါတယ်။ အခန်းစိုထိုင်းဆ (၉၀ -၉၅ )% အတွင်း မှာသိုလှောင်ရန်လိုအပ်ပါတယ်နော်။
နောက်ထပ်ဂျူးမြစ်ကိုအခြေခံထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေကတော့ ဂျူးမြစ်ရှာလကာရည်၊ ဂျူးမြစ်ခဲပတ် ကင်၊ တွေဟာလည်း အသင့်စားသုံးနိုင်တဲ့ ထုတ်ကုန်တွေဖြစ်ပါတယ်။ ဂျူးမြစ်ကို ဟင်ချိုတွေမှာလည်း ထည့်သောက်လို့ရပါတယ်။ ဈေးချိုချိုလေးနဲ့ ကျန်းမာရေးအတွက်လည်း သင့်တော်တဲ့ ဂျူးမြစ်ကို အလှစားရုံ မဟုတ်ဘဲ ကျန်းမာရေးအတွက်ပါ ထည့်တွက်စားသုံးသင့်ပါတယ်။ အားလုံးဘဲ ပျော်ရွင်တဲ့ ဘဝတစ်ခုကို ဖန်တီးနိုင်ကြပါစေနော်။


