မထင်မှတ်ပဲ ၆၂လမ်း စံပြလမ်းဒေါင်းက Co Co မှာရခဲ့တဲ့ ဘော်ဒါအသစ်။ စစ်ကိုင်းလမ်းခွဲမှာ နေပူပူမိုးရွာရွာ အကျီ ဘယ်တော့မှ မဝတ်တဲ့ခလေး ညီလေးဘာလို့တောင်းစားနေတာလဲမေးတော့ ထင်မထားတဲ့ဖြေကိုပေးတယ် ကျနော အဖေမရှိတော့ဘူးတဲ့ အမေကနောက်ယောက်ကျာၤးယူလိုက်တာတဲ့ ပုထွေးကအမြဲထိုးတယ်နှိပ်စက်တယ်တဲ့။
အိမ်ပေါ်ကဆင်ပီးလျောက်သွားတော့ စစ်ကိုင်လမ်းခွဲမှာ တောင်းတဲ့အဖွဲ့ခေါ်ထားရင်တောင်းဖြစ်သွားတာတဲ့ တစ်ရက်ကို တစ်သောင်း တစ်သောင်းခွဲလောက်ရတယ်တဲ့ အကုန်အပ်ရတာတဲ့ နည်းတဲ့နေဆို ထမင်းမကျွေးဘူး ရေမတိုက်ဘူးတဲ့ တခါတလေဆိုထိုးတယ်တဲ့ ကျနောထွက်ပြေးတာသုံးခါရှိပီတဲ့ ပြန်ဖမ်းပီး ပြန်လုပ်ခိုင်းတာတဲ့ ဒီတစ်ခါတော့ ကျနော တော်တော်ဝေးတဲ့နေရာကိုပြေးလာခဲ့တာတဲ့ သူတို့ဆီမှာ အဲ့လိုခိုင်းတဲ့သူတွေအများကြီးရှိတယ်တဲ့
ခလေးလေးတွေ ငယ်ငယ်လေးတွေက သူတို့ငှားတာလားလို့မေးတော့ မဟုတ်ဘူးတဲ့ သူတို့ကလိုက်ခိုးတာတဲ့ လမ်းမှာ တောင်းနေတဲ့ ခလေးတွေ ဆိုင်ကယ်တိုက်ပီးသေတာတို့တစ်ခုခုဖြစ်ရင် လျော်ကြေးရတဲ့ ပိုက်ဆံနဲ့ခြံတွေ အိမ်တွေ ဖုန်းတွေ ဝယ်ကျတာတဲ့ သြော်တော်တော်တရားကျကြပါတယ်ကွာ။ မင်းအလုပ်မလုပ်ချင်ဘူးလားမေးတော့ လုပ်ချင်တာ ပေါ့ဗျာတဲ့ ခုဦလေးကြီးတစ်ယောက်က အလုပ်လုပ်ဖို့ခေါ်မယ်ပြောတယ်တဲ့ နယ်ဖက်မှာတဲ့။
အေးအေး ဂရုစိုက်အုန်းလို့အရောင်းစားခံရမယ်နောလို့ပြောတော့ ဟုတ်ကဲ့ ကျနော လူရည်လည်နေပါပြီဗျာလို့ပြောပီး အာလူးကြော်လေးနဲ့speed ဗူးလေးကိုင်ပီး ကိုယ်ထပ်ပေးလိုက်တဲ့ ငါးရာလေးယူပီး လစ်သွားလေရဲ့ ဗျို့ကိုကြီးတဲ့ ဖြေးဖြေးမောင်းသွားအုန်းတောင် မှာလိုက်သေးတယ် ဆရာသမားက။ တောင်းစားတဲ့ ခလေးထဲမှာတော့ တော်တော် အံသြ မိတယ်။ ကော်မရှူဘူး။ ဆေးလိပ်မသောက်ဘူး။ ကွမ်းမစားဘူးတဲ့။
နောက်ပီး အဲ့ Co Co ကဝန်ထမ်းကောင်မလေးကသူနဲ့ ပြောနေတာ နင်ကစိတ်ချရတယ်တဲ့။ ဟိုနေ့ကတောင်းတဲ့ နှစ်ယောက်က ဆိုင်က ပစ္စည်းတွေ ခိုးသွားတယ်တဲ့။ အဲ့လိုကြောင့် တစ်ခါတစ်လေ ဝန်ထမ်းကောင်မလေးတွေကတောင် သူ့ကို ခေါက်ဆွဲပြုတ် ကြွေးတယ်တဲ့ Respect ပါ ဘော်ဒါအသစ်ကြီးရေ။ ရောက်တဲ့ဘဝမှာ ပျော်ရွှင်ပါစေကွာ။



