” တင်းတိပ်ဆိုတာ မျက်နှာ အသားကို နေပူလောင်တာ၊
မီးပူမိတာက စတာပါ “..” မီးအပူနဲ့ ချက်ရ ၊ ပြုတ်ရတာတွေလည်းပါတာပေါ့”
သုံးရမှာက အိမ်မှာ ငွေလည်းမကုန် ၊ လွယ်လွယ်နဲ့ ရတဲ့မီးဖိုချောင်ထဲက မြန်မာ့ တိုင်းရင်းဆေး ပစ္စည်း မကျည်းသီးမှည့် ပါဘဲ ။
ကျွန်တော် အဲဒီနည်းကို အမကြီးတွေ ၊
ညီမတွေကို ပေးပြီး စမ်းသပ်ခိုင်းတာ ဆယ်ရက် – ဆယ်ငါးရက်အတွင်း သိသိသာသာ ပျောက်သွားတာတွေကိုမျက်မြင် တွေ့ရလို့ မျှဝေပေးတာပါ ။
ဆေးနည်း
၁ ။မကျည်းသီးမှည့် နည်းနည်းကို ခွက်တစ်ခုထဲမှာရေ နဲနဲထည့်ပြီးပုံထဲက အတိုင်း မပျစ် မကျဲလေး ဖျော်ထားပါ ။
၂ ။ အဲဒီ မကျည်းမှည့် ဖျော်ရည်ကို မနက်အိပ်ရာထ မျက်နှာသစ်ပြီးမျက်နှာ မှာ လိမ်းထားလိုက်ပါ ။
( စ လိမ်းခါစမှာ စပ်ဖျင်းဖျင်းကလေး မျက်နှာမှာ ဖြစ်နေပြီးအေးအေးလေးနဲ့ မျက်နှာ တင်းတင်းလေးရှိနေမှာပါ ။
အပြင်သွားခါနီး၊အလုပ်သွားခါနီး မှ အဲဒီမန်ကျည်းမှည့်လိမ်းထားတာကိုရေနဲ့ မျက်နှာသစ်ပြီးဖျက်ပြီး သနပ်ခါး ၊ မိတ်ကပ် လိမ်းချင်ရာလိမ်းပြီးသွားပေါ့ ။ )
၃ ။ ည အိပ်ရာ ဝင်ခါနီး မျက်နှာသစ်ပြီး အဲဒီ မန်ကျည်းမှည့် ဖျော်ရည်ကိုမျက်နှာမှာ ပါးပါးလေး လိမ်းပြီး အိပ်လိုက်ပါ ။
အနဲဆုံး တစ်နေ့ နှစ်ကြိမ်လောက် လိမ်းပေးရင်ကို ရပါတယ် ။
ဆယ်ရက် ၊ ဆယ့်ငါးရက်လောက် လိမ်းကြည့်ရင်ကို သိသာလာမှာပါ ။
အန္တရာယ် မရှိတဲ့ မြန်မာ့ တိုင်းရင်းဆေး နည်းနဲ့
သဘာဝအတိုင်း မျက်နှာလေး တင်းပြီး နုချောလာတာကို တွေ့ရမှာပါလို့လက်တွေ့ စမ်းသပ်ခဲ့ပြီး ပြောလိုက်ပါရစေ…။
အမျိုးသမီးများ လှနှိုင်ကြပါစေ…။
ကိုးကါး
၁ ။မကွေးဝင်းမြင့် ( တိုင်းရင်းဆေးပညာရှင် )
၂။ ကိုယ့်မိသားစုဝင်များ ၊ နီးစပ်ရာ အစ်မကြီး များအား လက်တွေ့ စမ်းသပ်လေ့လာ ပျောက်ကင်းသွားမှုများကြောင့် ဖရန်းများအား မျှဝေပေးလိုက်ပါတယ်။


