Ticker

6/recent/ticker-posts

ကျက်သရေမင်္ဂလာတိုး၍ ဝင်ငွေတိုးစေသော ယတြာ


လင်ဗန်း တစ်ချပ် (အဝိုင်း ဖြစ်ရမည်။ မည်သည့် လင်ဗန်း မဆို ရပါ သည်။ စတီ လင်ဗန်း ကြေးလင်ဗန်းကို ပိုသုံးစေ ချင်ပါ သည်။)

သရက်အရွက် ၉ ရွက် (အပေါက် အပြဲ အနာ အဆာ မပါစေရ ။ အနာအဆာ ကင်းတာ ကို သုံးပါ။ သရက်ရွက်သည် ကျက်သရေ တိုးစေ သည်။ မဂ်လာ ရှိစေ သည်။)

ဆီမီးခွက် (မြေခွက် ကြေးခွက် စတီးခွက် ကြိုက်ရာ သုံးပါ။ ကျွန်တော် ကတော့ ကြေးခွက်ကို သုံးပါသည်။ အိန္ဒိယ ပစ္စည်းရောင်း သောဆိုင်မှ ဝယ်ပါ သည်။ ပုံမှာ ပြထား ပါသည်။)

ထောပတ်ဆီ (ထောပတ်ဆီသည် အတိုက်အခိုက် ကင်းစေ သည်။ ရန်ကို ရှင်းစေ သည်။ စီးပွားဥစ္စာကို အထူးပေး တတ်သည်။)

မီးဇာချည် (မီးဇာချည် မရပါက ဂွမ်းကို လက်နှစ်ဖက်ဖြင့် ထည့်၍ လိပ်ပြီး သုံးပါ။ စက္ကူကို လက်တွင် ထည့်၍ လိပ်သလို လုပ်ခိုင်း ခြင်းပါ။)

အားလုံးစုံပြီဆိုလျှင်

လင်ဗန်းပေါ် သရက်ရွက်တင်ပါ။ အဖျားများကို ဘုရားရှင် ဘက်သို့ထားပါ၊ ပြီးလျှင် ဆီမီး ခွက်တင်ပါ၊ ဆီထည့်ပါ ၊ မီးဇာထည့်ပါ၊ မီးထွန်းပါ၊ ဘုရားကို ရိုသေစွာဖြင့် ကပ်လှူ ပူဇော်ပါ ။

၂၄ နာရီ မပြတ် ပူဇော်လျှင် ပိုပြီးကောင်းသည် ။

မကြာခဏ ပူဇော်လျှင်လည်း ကောင်းပါသည် ။

အကျိုးကား ငွေဝင်သည် အပူတပြင်း ငွေဝင်ခြင်း မဟုတ်ပါ ။

စိတ်ချမ်း ချမ်းသာသာဖြင့် ငွေဝင်သည် ။

ကျက်သရေ မင်္ဂလာ တိုးစေသည်။ စီးပွားဥစ္စာ ဖြစ်ထွန်းသည် ။

ဆရာမင်းနိုင်ရဲ့ လောကီပညာ သိစရာ စာအုပ်ထဲတွင် အကျယ်တဝင့် ရေးသားဖော်ပြ ထားသည် ။

သရက်ရွက် များကို ခြောက်လျှင် လဲလှယ်ပေး ရပါသည် ။

သရက်များကို ဝယ်၍ သုံးပါ။ မရပါက ခွင့်တောင်း၍ သုံးပါ ။

ပိုင်ရှင်ရှိ ပါက ပိုင်ရှင်ထံ ခွင့်တောင်း၍ ခူးယူသုံးပါ ။

ပိုင်ရှင်မရှိပါက အပင်စောင့်နတ် ထံ ရိုရိုသေသေ ခွင့်တောင်းပြီး ခူးယူ၍သုံးပါခင်ဗျာ ။

ယုံကြည်သူများ ပြုလုပ် နိုင်ရန် တင်ပြပေး ပါသည် ခင်ဗျာ ။

ဆရာ ဇေယျာထက်