Ticker

6/recent/ticker-posts

အမျိုးသမီးဦးရေတစ်ရာအား အခမဲ့သားအိမ်ခေါင်း စစ်ဆေးပေးမည်


အမျိုးသမီးဦးရေ တစ် ရာအား အခမဲ့သားအိမ်ခေါင်း စစ်ဆေးပေးခြင်းအစီအစဉ်တစ်ခု ကို ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ရွှေရောင်နှင်းဆီကင်ဆာ ဖောင်ဒေးရှင်းက အသိပေးကြေ ညာသည်။
သားအိမ်ခေါင်းဆေးစစ်အ စီအစဉ်ကို လှိုင်သာယာမြို့နယ်ရှိ ပန်းလှိုင်ဆေးရုံ၊ တော်ဝင်လမ်း ဒဂုံမြို့နယ်ရှိ ပန်းလှိုင်အထူးကု ဆေးခန်းနှင့် မြောက်ဒဂုံမြို့နယ်ရှိ ပန်းလှိုင်အထူးကုဆေးခန်းတို့ တွင် ဇန်နဝါရီ ၁၅ ရက်မှ ဇူလိုင် ၁၅ ရက်အထိ ဆောင်ရွက်မည် ဖြစ်သည်။
အခမဲ့ ‘သားအိမ်ခေါင်းစစ် ဆေးခွင့်’ ကံစမ်းနိုင်သူများမှာ အ သက် (၂၅)နှစ်မှ (၆၅)နှစ်အရွယ် အမျိုးသမီးများ၊ လိင်ဆက်ဆံဖူး သူ၊ အိမ်ထောင်ရှိသူအမျိုးသမီး များ၊ ပြီးခဲ့သည့် သုံးနှစ်တာကာလ အတွင်း သားအိမ်ခေါင်း မစစ် ဆေးဖူးသူများဖြစ်သည်။
ကံစမ်းကာလမှာ ဇန်နဝါရီ ၁ရက်မှ ၅ ရက်အတွင်းဖြစ်ပြီး ကံစမ်းရန် shwe yaung hinn si cancer foundation page ကို Like လုပ်ရမည်ဖြစ်သည်။ ထို့ နောက် ယင်းဖောင်ဒေးရှင်မှ ကံ စမ်းရန်တင်ထားသည့် ပိုစ့်ကို မိမိ တို့၏ wall တွင် Public နှင့် Share ပေးရမည်ဖြစ်သည်။ Share ထားသည့် Screenshot ကို ပို့စ်အောက်တွင် သူငယ်ချင်း သုံးယောက်အား mention ခေါ် ပြီး comment လုပ်ပေးရမည်ဖြစ် သည်။
Gift Away ဖြစ်သည့် အခမဲ့ ‘သားအိမ်ခေါင်းစစ်ဆေးခွင့်’ ကို ဇန်နဝါရီ ၆ ရက်တွင် မဲနှိုက်ပြီး shwe yaung hinn si page ၌ ကြေညာပေးမည်ဖြစ်သည်။
အဆိုပါဖောင်ဒေးရှင်းအနေ ဖြင့် ၂၀၂၁ ခုနှစ်ဇန်နဝါရီလတွင် ကျရောက်သော သားအိမ်ခေါင်း ကင်ဆာဂရုပြုလအထိမ်းအမှတ် အဖြစ် အမျိုးသမီးများတွင်အဖြစ်အများဆုံး ကင်ဆာရောဂါတစ် ခုဖြစ်သည့် သားအိမ်ခေါင်းကင် ဆာရောဂါ စောစီးစွာတွေ့ရှိရေး အမျိုးသမီး ၁၀၀ ဦးအား အခမဲ့ သားအိမ်ခေါင်း ဆေးစစ်ပေးခြင်း ကို ဆောင်ရွက်မည်ဖြစ်သည်။