Ticker

6/recent/ticker-posts

အကြောပြတ်ရာတွေကို လုံးဝပျောက်ကင်းသွားစေမယ့် နည်းလမ်း (၄)မျိုး


ပျိုမေတို့မှာ အကြောပြတ်ရာတွေ အစင်းကြောင်းကြီးတွေရှိနေလို့ စိတ်မညစ်ပါနဲ့။ အခုဖော်ပြပေးမယ့် နည်းလ မ်းလေးတွေကို ပုံမှန်လေးလုပ်ပေးရင် တစ်လအတွင်း ထူးခြားသိသာတဲ့ ရလဒ်ကို ရရှိမှာဖြစ်ပါတယ်
(၁) Vitamin E
Vitamin E  မှာ antioxidant ကြွယ်ဝစွာပါဝင်တာကြောင့် ဆဲလ်အသစ်ဖြစ်ပေါ်မှုကို အားပေးတဲ့အပြင် အသားအ ရည်ကိုလည်း တင်းရင်းစေပါတယ်။ Vitamin E ကို အကြောပြတ်တဲ့နေရာတွေမှာ နေ့စဉ်ပုံမှန်လိမ်းပေးခြင်းဖြင့် တစ်လအတွင်း သက်သာပျောက်ကင်းတာကို တွေ့ရမှာ ဖြစ်ပါတယ်။
(၂) သံပုရာရည်နဲ့ သခွားသီး
သံပုရာရည်နဲ့ သခွားသီးကို ရောစပ်ခြင်းက အကြောပြတ်ရာတွေ၊ အစင်းကြောင်းတွေအတွက် တကယ်ကို ထိရော က်တဲ့ ဆေးစွမ်းတစ်လက်ဖြစ်ပါတယ်။ သခွားသီးကိုကြိတ်ပြီး အရည်ညှစ်ပါ။ ရလာတဲ့ အရည်နဲ့ သံပုရာရည်နဲ့ကို ဆတူရောစပ်ပြီး အကြောပြတ်တဲ့ နေရာတွေကို လိမ်းလိုက်ပါ။ တစ်နာရီလောက်အကြာမှာ ရေဆေးလိုက်ပါ။
(၃) သံလွင်ဆီ သို့မဟုတ် အုန်းဆီ
သံလွင်ဆီနဲ့ အုန်းဆီ နှစ်မျိုးစလုံးဟာ အသားအရည်အတွက် ကောင်းမွန်ပြီး အကြောပြတ်ရာတွေကို ပျောက်ကင်းစေ တဲ့ အစွမ်းရှိပါတယ်။ ညအိပ်ရာဝင်ခါနီးတိုင်း အသားထဲကို စိမ့်ဝင်အောင် လိမ်းပေးလိုက်ရုံနဲ့ တစ်လအတွင်း ထူးခြားေ ကာင်းမွန်တဲ့ ရလဒ်ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
(၄) အာဟာရပြည့်စွာစားသောက်ခြင်း
တစ်ခါတလေ အကြောပြတ်ရခြင်း အကြောင်းရင်းဟာ အာဟာရ မလုံလောက်တာကြောင့်လည်း ဖြစ်နေတတ်ပါတယ်။ အသားဓာတ်၊ Vitamin A,C,E တို့ကို လုံလောက်စွာ စားသုံးပေးခြင်း၊ ရေများများသောက်ပေးခြင်းဖြင့်လည်း သက် သာပျောက်ကင်းစေနိုင်ပါတယ်။