အလုပ်ကများရသည်ကြား လိပ်ခေါင်းကြောင့် ဦးမိုး အတော်စိတ်ညစ်နေပုံရ၏။ မကြည်မလင်နှင့် လိပ်ခေါင်းသွေးပါသည်မို့ ပုဆိုးပင် သွေးကွက် ထင်နေလေသည်။
အမှတ်မထင် ကျေးဇူးရှင် တိုင်းရင်းသမားတော်ကြီးဦးကြွယ် ပေးသောဆေးနည်းကြောင့် သွေးကျလိပ်ခေါင်း (၇)ရက်ဖြင့် လိပ်ခေါင်ပြန်ဝင်အပြီးပြတ်၍ ယနေ့တိုင်သွေးကျခြင်း၊ လိပ်ခေါင်းထွက်ခြင်း မရှိတော့ပါ။
ကျွန်တော်တို့ တိတိကျကျ မသိကြပါသော်လည်း အချို့သော အပင်တို့၏ ဆေးစွမ်းထက်မှုမှာ အံ့ဖွယ်အတိဖြစ်ရပါ၏။
လိပ်ခေါင်းအတွက် သောက်ဆေး
(၁) မီးကွင်းဂမုန်း လက်တစ်ဆုပ်စာကို ရေစင်အောင်ဆေးပြီး ထမင်းစားဇွန်း(၁)ဇွန်းစာ သတ္တုရည်ညှစ်ယူပါ။
(၂) ကြက်သွန်နီဥ (၁)ဥကို လေးစိပ်ထိုးပြီး ထမင်းစား (၁)ဇွန်းစာ သတ္တုရည်ညှစ်ပါ။
(၃) ထိုမီးကွင်းဂမုန်းနှင့် ကြက်သွန်နီတို့မှ ညှစ်ယူထားသော သတ္တုရည်(၂)ဇွန်းထဲသို့ သကြားလက်ဖက်စားဇွန်း(၁)ဇွန်းစာ ထည့်ပြီး နေ့စဉ် တစ်ကြိမ်သောက်ပေးလိုက်ပါ။
လွယ်လွယ်နှင့် မပျောက်ကင်းနိုင်ပါဟု ထင်နေသော သွေးပါလိပ်ခေါင်း (၇)ရက်မျှဖြင့် လိပ်ခေါင်းပြန်ဝင် သွေးလည်းမကျတော့ပါ၍ လွယ်ကူသော ဆေးနည်းလေးအား လိပ်ခေါင်းကြောင့် အခက်အခဲတွေ့သူများ လိုကသုံးနိုင်ပါရန် တင်ပြလိုက်ပါသည်။
လိပ်ခေါင်းဝေဒနာရှင်များ လွယ်ကူသော ဤဆေးနည်းလေးဖြင့် ကံစပ်၍ပျောက်ကင်းကြပါစေ…။
လိုသူယူသုံး စေတနာအပြုံးဖြင့် စိတ်ရွှင်လန်းကြပါစေ.။


