ရဲယိုသီးကတော့ အသက်ကြီးတဲ့ အဘိုးအဘွားတွေ အမြဲစားသုံးလေ့ရှိတာကို မြင်တွေ့ရမှာပါ။
ရဲယိုပင်က ရှားပါးတဲ့ အပင်မျိုး မဟုတ်ပဲ နေရာဒေသတိုင်းမှာ ပေါက်ရောက်နိုင်လို့ အပင်မျိုးဖြစ်တာကြောင့် အိမ်တိုင်း စိုက်ပျိုးထားသင့်တဲ့ နတ်ဆေးပင်ပမာ အစွမ်းထက်တဲ့ အပင်တစ်ပင်ပဲ ဖြစ်ပါတယ်။
ရဲယိုသီးက ဒီတိုင်းစားရင်တောင် အစွမ်းထက်တဲ့ အသီးတစ်မျိုးဖြစ်တဲ့ အပြင် ရောဂါပေါင်း (၁၀၁) မျိုးကို ပျောက်ကင်းစေနိုင်တဲ့ အစွမ်းသတ္တိ ရှိပါတယ်။
ရဲယိုသီးကို စားသုံးမယ်ဆိုရင် ဗိုက်ထဲမှာ အစာမရှိတဲ့ အချိန်မျိုးမှာ ပိုပြီး စားပေးသင့်ပါတယ်။
ရဲယိုသီးရဲ့ အနံက ထူခြားတာကြောင့် ဒီတိုင်း စားရမှာ တစ်မျိုးဖြစ်နေရင် ပျားရည်၊ ထန်းလျက်တို့နဲ့ ရောပြီး စားသုံးလို့ရပါတယ်။
ရောဂါ ဝေဒနာ ခံစားနေရတဲ့ သူတွေဆိုရင် တစ်နေ့ကို သုံးကြိမ်လောက် စားပေးရင် ပိုပြီး သင့်တော်ပါတယ်။
ဒါပေမယ့် ရဲယိုသီးက ရောဂါဖြစ်မှစားရတဲ့ အသီးမျိုး မဟုတ်ပါဘူး။
အာဟာရတစ်ခုလို နေ့စဉ်မှီဝဲမယ်ဆိုရင် ရောဂါဆိုးတွေကို ကင်းဝေးစေပြီး ကျန်းမာအသက်ရှည်စွာနဲ့ နေထိုင်နိုင်မှာပါ။
ရဲယိုသီးကိုစားမယ်ဆို သိထားသင့်တဲ့ နောက်တစ်ချက်ကတော့ ဓာတုဓာတ်တွေပါတဲ့ အစားအစာတွေနဲ့ အချိန်နီးကပ်စွာ မစားသုံးသင့်ပါဘူး။
ဥပါဒ်မဖြစ်ပေမယ့် အသီးရဲ့ အာနိသင်ကို လျှော့နည်းစေနိုင်တာကြောင့် အချိန်ခွာပြီးစားသင့်ပါတယ်။
ရဲယိုသီးစားရင်း ပျောက်ကင်းနိုင်တဲ့ ရောဂါတွေကတော့ အဆိုးဆုံးဖြစ်တဲ့ ကင်ဆာ၊ ဆီးချို၊ သွေးချို၊ လေးဖြတ်ခြင်း၊ လေးဘက်နာ ရောဂါများ၊ ဂေါက်ရောဂါများ၊ စိတ်ဓာတ်ကျခြင်း၊ မှတ်ဉာဏ်စွမ်းရည် မကောင်းခြင်း၊ အဝလွန်ခြင်း၊ ရင်ကျပ်ခြင်း၊
သူငယ်ပြန်ခြင်း၊ အယ်ဇိုင်းမား စတဲ့ ရောဂါ (၁၀၁)မျိုးကို ပျောက်ကင်းစေနိုင်တဲ့ အပြင် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ရောဂါဆိုးတွေ မဝင်ရောက်နိုင်အောင် တားဆီးပေးနိုင်တဲ့ ဆေးစွမ်းထက် အသီးတစ်မျိုးဖြစ်တာကြောင့် စားကြည့်ဖို့ တိုက်တွန်း အကြံပြုချင်ပါတယ်။
နောက်တစ်ချက်ကတော့ ကင်ဆာရောဂါကို ပျောက်ကင်းစေနိုင်တဲ့ နေရာမှာ တစ်ကမ္ဘာလုံးဆိုင်ရာ top 10 ဝင်တဲ့အသီးဖြစ်တာကြောင့် ကင်ဆာဝေဒနာရှင်တွေ အတွက်လည်း အထူး သင့်လျော်တဲ့ အသီး တစ်မျိုးဖြစ်ကြောင်း ထပ်လောင်း ပြောကြားလိုက်ရပါတယ်။


