ဒါဏ်ဖြစ်ပြီး မကြာခဏခါးနာနေသူများ ကြက်ခြေထောက် သုံးချောင်းကို နူးအိသည်အထိ ပြုတ်ပါ ။ ပြီးလျှင် အသင့်ပြင်ထားသည့်ဂွေးတောက်ရွက် လက်တစ်ဆုပ်ကို ထိုကြက်ခြေထောက်ပြုတ်အိုးထဲသို့ သုံးမိနစ်ခန့်ထည့်မွှေပြီး ကြွေပန်းကန်ထဲသို့ထည့်သောက်ပါ။သုံးကြိမ်သောက် ပျောက်ပါပြီ
crd-org
ဂွေးတောက်ရွက် အသုံးဝင်ပုံ
အရွက်ကို မီးကင်ပြီး ကပ်လျှင် အနာစိမ်း၊ သွေးစုနာများ နုလျှင် ပိန်၍ ရင့်လျှင် ပြည်ပေါက်၍ ပျောက်၏။
ထန်းရည်၊ အရက်၊ ကြာရှည်စွာ သောက်သုံး သူများ တစ်နှစ် တစ်ခါ ခွေးတောက်ရွက်ကို ကြက်သားနှင့် ချက်စားခြင်းဖြင့် ကိုယ်ခန္ဓာ အတွင်းရှိ အဆိပ် အတောက်များ ပြေပျောက် စေ၏။
အရွက်ကို ဟင်းခါး ချက်သောက်ခြင်း၊ ကြော်စားခြင်းဖြင့် လေအောင့်၊ လေထိုး၊ ဆီးချုပ် ရောဂါများ ပျောက်၏။ ခွေးတောက်ရွက်ကို ကြိတ်၍ ရသော အရည်ဖြင့် ရေယုန်နာကို ဆွတ်ပေးခြင်းဖြင့် ပျောက်၏။
အရွက်ကို ကြိတ်၍ အုံစည်းပေး ခြင်းဖြင့် အဖု အကြိတ် များလည်း ပျောက်၏။

ခွေးတောက်ရွက်ကို သကြားနှင့် ထောင်း၍ အုံပေးပါက အကြောဆစ် လွဲခြင်းများ ပျောက်၏။
ခွေးတောက် ရွက်ကို ဘဲဥနှင့် ကြော်စားပါက ခွန်အားကို တိုးပွားစေ၏။
ခွေးတောက်မြစ်ကို ခွေးရူးပြန်ဆေး အန်ဆေးနှင့် သလိပ်ရွှင် ဆေးများတွင် ထည့်သွင်း အသုံးပြုသည်။
နန်း သန္တာ


