တစ်ချို့ဆိုရင် ခြေထောက်မှ တဆစ်ဆစ်နာကျင်ခံစားရတာမျိုးလည်း ရှိတတ်ပါ တယ်။ဒီ လို နာကျင်မှုမျိုးဟာ ဖြစ်ဖြစ်ချင်း ကုသမယ်ဆိုရင်တော့ အမြန်ဆုံးပျောက်ကင်းနိုင်ပါတယ်။ရောင်ရမ်း နာ ကျင်မှုတွေကို အိမ်မှာပဲ သက်သာအောင်လုပ်လို့ရတဲ့ နည်းရှိပါတယ်။ခြေထောက်ကို ဆေးစိမ်ကုသရမှာပါ။ ဒီနည်း ကတော့ ခဏတာ ယာယီနာကျင်မှုကို သက်သာစေတဲ့ နည်းသာဖြစ်ပြီး တက်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ကုသ တာကတော့ အကောင်းဆုံးပါ။
ခြေထောက်ကို ဆေးစိမ်ဖို့ အချိန်(၁၀)မိနစ်လောက်ပဲ လိုတာမို့ အရမ်းကြီးလည်း အချိန်ပေးစရာ မလိုသလို လုပ်ရတာ လည်း အရမ်းလွယ်ပါတယ်။
အရင်ဆုံး ခြေထောက်စိမ်ဖို့ အဆင်ပြေတဲ့ ရေဇလုံတစ်ခုကို ယူပါ။ပြီးရင်တော့ အဲ့ဒီရေ ဇလုံ ထဲကို ရေနွေး(ခြေထောက်စိမ်နိုင်ရုံအပူ) (၁၀)လီတာကို ထည့်ပါ။ပြီးရင်တော့ ပန်းသီးရှာလကာရည်(apple cider vinegar) တစ်လီတာ ထည့်ပါ။ပြီးရင်တော့ ဆားလက်တစ်ဆုပ်စာလောက်ထည့်ပါ။ဆားတွေကို ပျော်အောင် မွှေပါ။ ဆား လည်းပျော်ပြီး မွှေတာလည်း နှံ့ပြီဆိုရင်တော့ ခြေထောက်ကို စပြီး ဆေးစိမ်နိုင်ပါပြီ။ရေနွေးအေးသွားတဲ့ အထိ အနည်းဆုံး(၁၀)မိနစ်လောက် စိမ်ပေးဖို့ လိုပါတယ်။
စိမ်ပြီးရင်တော့ ခြေထောက်ကို ရေခြောက်အောင်သုတ်ပြီး အိပ်ယာဝင်ပါ။ခြေထောက်ဆေးစိမ်တာကိုတော့ ညအိပ်ယာ မဝင်ခင် လုပ်ပါ။နောက်တစ်နေ့ မနက်မှာတော့ ခြေထောက်ကို ခြေဗြောင်နဲ့ လမ်းလျှောက်တာမျိုး ရှောင်ပါ။ ခြေအိ တ်(သို့) ခြေညှပ်ဖိနပ်အပါးကို စီးပြီး လမ်းလျှောက်ပေးပါ။ထမအကြိမ်လုပ်ရုံနဲ့ နာကျျင်မှုဝေဒနာ သိသိသာသာ သက် သာစေပါတယ်။နေ့စဉ်ပုံမှန် အချိန်ရရင် ရသလို လုပ်ပေးနိုင်ပါတယ်။


